အောက်တိုဘာလ(၁၄)ရက်နေ့တွင် နိုင်ငံအတွင်းမှ တစ်နေ့တည်း Covid-19 အတည်ပြုလူနာ (၂,၀၉၇)ဦး ဆေးရုံမှဆင်း

အောက်တိုဘာလ(၁၄)ရက်နေ့တွင် နိုင်ငံအတွင်းမှ တစ်နေ့တည်း Covid-19 အတည်ပြုလူနာ (၂,၀၉၇)ဦး ဆေးရုံမှဆင်း
အောက်တိုဘာ 14, 2020
By Tachileik News Agency
အောက်တိုဘာလ(၁၄)ရက်နေ့တွင် နိုင်ငံအတွင်းမှ တစ်နေ့တည်း Covid-19 အတည်ပြုလူနာ (၂,၀၉၇)ဦး ဆေးရုံမှဆင်း
နိုင်ငံအတွင်း ဒေသ အသီးသီးမှ Covid-19 ဓါတ်ခွဲနမူနာများကို အောက်တိုဘာလ(၁၄)ရက်နေ့တွင် စစ်ဆေးရာ အတည်ပြုလူနာ စုစုပေါင်း (၈၈၈)ဦး ထပ်တိုးသော်လည်း ဆေးရုံဆင်းခွင့်ရသူမှာ တစ်နေ့တည်းတွင် (၂,၀၉၇)ဦးရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားရှိသည်။

အောက်တိုဘာလ(၁၄)ရက်နေ့အတွက် စစ်ဆေးရာတွင် အတည်ပြုလူနာ (၈၈၈)ဦးတိုးသည့်အတွက် အတည်ပြုလူနာ စုစုပေါင်း (၃၁,၃၂၅)ဦးရှိရာ သက်သာပျောက်ကင်း၍ ဆေးရုံဆင်းသူမှာ စုစုပေါင်း(၁၃,၈၆၆)ဦးရှိပြီး လက်ရှိတွင် ဒေသအသီးသီး၌ ကုသမှု ခံယူနေသူမှာ စုစုပေါင်း (၁၆,၇၂၇)ဦး ကျန်ရှိနေသေးကြောင်း သိရသည်။

အောက်တိုဘာလ(၁၄)ရက်နေ့ ည(၈)နာရီအချိန် ထုတ်ပြန်ချက်အရ သေဆုံးသူ (၃၉)ဦး ထပ်တိုး၍ သေဆုံးသူ စုစုပေါင်းမှာ (၇၃၂)ဦးအထိ ရှိနေကြောင်းလည်း သိရသည်။

အောက်တိုဘာလ(၁၄)ရက်နေ့တွင် ဒေသအသီးသီး၌ လူပေါင်း(၉,၆၅၆)ဦးကို Covid-19 စစ်ဆေးရာက အတည်ပြုလူနာ (၈၈၈)ဦး ထပ်တိုးတွေ့ရှိရခြင်း ဖြစ်သည်။
Tachileik News Agency
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~