တာချီလိတ်မြို့ ဘုရင့်နောင်ဈေးရှေ့ရှိ ရတနာလမ်းတွင် လာသမျှ စစ်ဆေးနေ

တာချီလိတ်မြို့ ဘုရင့်နောင်ဈေးရှေ့ရှိ ရတနာလမ်းတွင် လာသမျှ စစ်ဆေးနေ
ဇွန် 12, 2021 | ရှမ်းရှေ့

တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်အတွင်း ဘုရင်နောင်ပုဂ္ဂလိကဈေးရှေ့ရှိ ရတနာလမ်းမကြီးပေါ်တွင်  ယနေ့ ၂၀၂၁ခုနှစ် ဇွန်လ(၁၂)ရက်နေ့ ည(၈)နာရီ (၄၅)မိနစ်အချိန်တွင် လမ်းပေါ်သို့ လာသို့ လာသမျှ ယာဉ်များ နှင့် လူများကို ရပ်တန့်စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

ဘုရင့်နောင်ဈေးနား လာသမျှ အကုန်တားစစ်နေတာ။ ဖုန်းတွေပါစစ်နေတယ်။ အခု သေနတ်တစ်ချက် ဖောက်တယ်။  မရပ်လို့ထင်တယ်။ အပေါ်ထောင်ပစ်တာ

ဟု ရတနာလမ်းနေသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ယနေ့ ည(၈)နာရီ(၄၅)မိနစ်အချိန်က ပြောသည်။

စစ်တပ်နှင့်ရဲတို့က ရတနာလမ်းတွင် လာသမျှ ကားအပြင် ဆိုင်ကယ်များကိုလည်း ဖင်ထိုင်ခုံများလှန်၍ စစ်ဆေးမှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။