တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုအတွင်း အမျိုးသားတစ်ဦးအား ဘိန်းစိမ်းနှင့်အတူ ဖမ်းမိ

တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုအတွင်း အမျိုးသားတစ်ဦးအား ဘိန်းစိမ်းနှင့်အတူ ဖမ်းမိ
စက်တင်ဘာ 24, 2020
By Tachileik News Agency

တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုအတွင်း အမျိုးသားတစ်ဦးအား ဘိန်းစိမ်းနှင့်အတူ ဖမ်းမိ

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုအတွင်း ဆွတ်ဆိုင်ကျေးရွာ လမ်းပေါ်တွင် အမျိုးသားတစ်ဦးအား ဘိန်းစိမ်း နှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုအတွင်း ဆွတ်ဆိုင်ကျေးရွာ လမ်းပေါ်တွင် ဝမ်ဆောက်ခုံ (ရှမ်း)ရွာဘက်မှ ဆွတ်ဆိုင်ရွာဘက်သို့ ဆိုင်ကယ်ဖြင့် မောင်းလာသည့် အားဖို့ ဆိုသူအား မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ နှင့် သက်ဆိုင်ရာပူးပေါင်းအဖွဲ့က ၂၀၂၀ခုနှစ် စက်တင်ဘာလ(၂၃)ရက်နေ့ နံနက်(၁၁)နာရီကျော်က ရပ်တန့်စစ်ဆေး ရှာဖွေကြခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ ရှာဖွေစစ်ဆေးရာက ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းထဲက အလေးချိန် (၁.၁၅)ကီလိုရှိသည့် ဘိန်းစိမ်းအား တွေ့ရှိ သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိသည့် အားဖို့ ဆိုသူအား တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် စစ်ဆေးနေလျက်ရှိကြောင်း သိရှိရသည်။

Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~