တာချီလိတ်နှင့် မယ်ဆိုင်ကြား COVID 19 ကာကွယ်ရေးအတွက် ကုန်တင်ယာဉ်အကန့်အသတ်ဖြင့် ခွင့်ပြုထားစဉ်ကာလအတွင်း ဒေသတွင်း စက်သုံးဆီနှင့် ကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရန် ပြည်နယ်အစိုးရ ကူညီမည်

တာချီလိတ်နှင့် မယ်ဆိုင်ကြား COVID 19 ကာကွယ်ရေးအတွက် ကုန်တင်ယာဉ်အကန့်အသတ်ဖြင့် ခွင့်ပြုထားစဉ်ကာလအတွင်း ဒေသတွင်း စက်သုံးဆီနှင့် ကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရန် ပြည်နယ်အစိုးရ ကူညီမည်
စက်တင်ဘာ 18, 2020
By Tachileik News Agency
တာချီလိတ်နှင့် မယ်ဆိုင်ကြား COVID 19 ကာကွယ်ရေးအတွက် ကုန်တင်ယာဉ်အကန့်အသတ်ဖြင့် ခွင့်ပြုထားစဉ်ကာလအတွင်း ဒေသတွင်း စက်သုံးဆီနှင့် ကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရန် ပြည်နယ်အစိုးရ ကူညီမည်
မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၂) မှ နှစ်နိုင်ငံကုန်တင်ယာဉ်များကို ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁၇)ရက်နေ့မှစ၍ ယာဉ်စီးရေအကန့်အသတ်ဖြင့် ခွင့်ပြုနေသည့်အတွက် ဒေသတွင်း စက်သုံးဆီနှင့် ကုန်ပစ္စည်း ပြတ်လပ်မှုမရှိစေရေးအတွက် ပြည်နယ်အစိုးရဘက်မှ ကူညီပံ့ပိုးသွားရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။
“ကျွန်တော်တို့ ဒီဘက်မှာ ဖြစ်နေတဲ့အခြေအနေကို ပြည်နယ်အစိုးရကိုလည်း တင်ပြထားပါတယ်။ ဒီတော့ လက်ရှိဖြစ်နေတဲ့အခြေအနေတွေအရ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ လိုအပ်တဲ့ စက်သုံးဆီတွေ၊ ဂက်စ်တွေ၊ စားသုံးကုန်တွေကအစ ဈေးမြင့်တက်တာတွေ မဖြစ်အောင်၊ ကုန်စည်စီးဆင်းမှုတွေ နှောင့်နှေးမှုမရှိအောင် လုပ်ဆောင်ပေးဖို့ ပြည်နယ်အစိုးရက ပြင်ဆင်ပေးထားပါတယ်။ ရှမ်းရှေ့မှာအသုံးပြုနေတဲ့ စက်သုံးဆီ၊ ဂက်စ်တွေကို ဒီဘက်ကို ဖြန့်ပေးဖို့ အရန်သင့်ပြင်ဆင်ပေးထားပါတယ်။ လမ်းပန်းဆက်သွယ်ရေးကလည်း အရင်ကထက်ပိုပြီး အဆင်ပြေနေပါပြီ။ ကိုယ့်ပြည်တွင်းဒေသအချင်းချင်း ကုန်စည်ပို့ဆောင်ရေးမှာ ငွေကြေးကောက်ခံနေတာတွေ မရှိစေရပါဘူး။ ရှိတယ်ဆိုရင်လည်း ကျွန်တော်တို့ကို ပြောပါ။ ကျွန်တော်တို့ ဖြေရှင်းပေးပါမယ်။ ဒါကြောင့် ပြည်သူတွေကို ပြောချင်တာက အခုကိစ္စနဲ့ပတ်သက်လို့ စိတ်မပူကြပါနဲ့ ကျွန်တော်တို့ဒေသမှာ စက်သုံးဆီ၊ စားသုံးကုန် ပြတ်လပ်တယ်ဆိုတာ မရှိစေရပါဘူး”ဟု တာချီလိတ်မြို့မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်  ဦးစိုင်းလုံစံခတ်က တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁၈)ရက်နေ့၌ ပြောသည်။
မယ်ဆိုင်ဘက်က COVID 19 ကာကွယ်ရေးအတွက် တာချီလိတ် - မယ်ဆိုင် ကုန်သွယ်ရေးလုပ်နေသည့် မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား (၂) မှ မြန်မာနံပါတ်ပြားတပ် ကုန်တင်ယာဉ် (၆)စီးနှင့် ထိုင်းနံပါတ်ပြားတပ် ကုန်တင်ယာဉ် (၁၆၂)စီးတို့ကို နေ့စဉ်ဖြတ်သန်းခွင့်ပြုရန်နှင့် မြန်မာယာဉ်မောင်းများ မယ်ဆိုင်ဘက်အဝင်တွင် ယာဉ်မောင်း လဲလှယ်ရန် မယ်ဆိုင်ဘက်က ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁၇)ရက်နေ့မှစ၍ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ယင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ တာချီလိတ်ဘက်ကလည်း COVID 19 ကာကွယ်ရန် ထိုင်းကုန်တင်ယာဉ် (၆)စီးနှင့် မြန်မာကုန်တင်ယာဉ် (၆)စီးစီသာ နှစ်နိုင်ငံ တန်းတူညီမျှ နေ့စဉ် ဝင်ထွက်ခွင့်ပြုရန်နှင့် ထိုင်းယာဉ်မောင်းများလည်း တာချီလိတ်အဝင်တွင် ယာဉ်မောင်းလဲရန် ပြန်လည်သတ်မှတ်လိုက်ခြင်းဖြစ်သည်။
Tachileik News Agency
သတင်း -ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~