ထုိင္းနိုင္ငံဘက္သို႔ တရားမဝင္ ဝင္ေရာက္သြားသည့္ ျမန္မာႏိုင္ငံသား (၅၁)ဦး ျပစ္ဒဏ္ေစ့၍ ျမန္မာဘက္သို႔ ျပန္ပို႔ခံရ

ထုိင္းနိုင္ငံဘက္သို႔ တရားမဝင္ ဝင္ေရာက္သြားသည့္ ျမန္မာႏိုင္ငံသား (၅၁)ဦး ျပစ္ဒဏ္ေစ့၍ ျမန္မာဘက္သို႔ ျပန္ပို႔ခံရ
စက်တင်ဘာ 6, 2019
By Tachileik News Agency

ထုိင္းႏုိင္ငံဘက္သို႔ တရားမဝင္ ဝင္ေရာက္သြားၿပီး ဖမ္းဆီးခံရသည့္ ျမန္မာႏိုင္ငံသား (၅၁) ဦး ျပစ္ဒဏ္ေစ့၍ ျမန္မာႏိုင္ငံ၊ တာခ်ီလိတ္ဘက္သို႔ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၆)ရက္ေန႔ နံနက္ပိုင္းက ထုိင္းတာဝန္ရိွသူမ်ားမွ လႊဲေျပာင္းေပးလာသည္။

ရွမ္းျပည္နယ္၊ မႏၱေလးတုိင္းေဒသႀကီးႏွင့္ ရန္ကုန္တုိင္းေဒသႀကီးတုိ႔မွ အမ်ိဳးသား (၂၈)ဦးႏွင့္ အမ်ိဳးသမီး (၂၃)ဦးတုိ႔သည္ ထုိင္းႏုိင္ငံတြင္းသို႔  တရားမဝင္ ဝင္ေရာက္မႈျဖင့္ ဖမ္းဆီးခံရကာ ျပစ္ဒဏ္က်ခံရၿပီးေနာက္ ျမန္မာဘက္သို႔ ျပန္လည္လႊဲေျပာင္းေပးလာျခင္းျဖစ္သည္။

ထိုင္းႏိုင္ငံဘက္မွ တာဝန္ရိွသူမ်ားက လႊဲေျပာင္းေပးအပ္ရာတြင္ ျမန္မာဘက္မွ ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ အလုပ္သမား၊ လူဝင္မွဳႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဆုိင္ရာ ဦးစီးဌာန၊ ၿမိဳ႕နယ္ အလုပ္သမား ညႊန္ၾကားမႈဦးစီးဌာန၊ လူကုန္ကူးမွဳတုိက္ဖ်က္ေရး ရဲတပ္ဖြဲ႕ႏွင့္ ထုိင္းႏုိင္ငံ မယ္ဆုိင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏွိဳင္းေရးေကာ္မတီ (CNCMC) တို႔က စိစစ္လက္ခံၾကၿပီး ေနရပ္ျပန္ရန္ အခက္အခဲျဖစ္သူမ်ားႏွင့္ အကူအညီလိုအပ္သူမ်ားကို သက္ဆိုင္ရာမ်ားျဖင့္ ခ်ိတ္ဆက္ေဆာင္ရြက္ေပးရသည္မ်ားလည္း ရွိေၾကာင္း သိရွိရသည္။

Tachileik News Agency
ဓါတ္ပံု - CNCMC


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံဘက်သို့ တရားမဝင် ဝင်ရောက်သွားပြီး ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား (၅၁) ဦး ပြစ်ဒဏ်စေ့၍ မြန်မာနိုင်ငံ၊ တာချီလိတ်ဘက်သို့ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၆)ရက်နေ့ နံနက်ပိုင်းက ထိုင်းတာဝန်ရှိသူများမှ လွှဲပြောင်းပေးလာသည်။

ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ အမျိုးသား (၂၈)ဦးနှင့် အမျိုးသမီး (၂၃)ဦးတို့သည် ထိုင်းနိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးခံရကာ ပြစ်ဒဏ်ကျခံရပြီးနောက် မြန်မာဘက်သို့ ပြန်လည်လွှဲပြောင်းပေးလာခြင်းဖြစ်သည်။

ထိုင်းနိုင်ငံဘက်မှ တာဝန်ရှိသူများက လွှဲပြောင်းပေးအပ်ရာတွင် မြန်မာဘက်မှ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန၊ မြို့နယ် အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC) တို့က စိစစ်လက်ခံကြပြီး နေရပ်ပြန်ရန် အခက်အခဲဖြစ်သူများနှင့် အကူအညီလိုအပ်သူများကို သက်ဆိုင်ရာများဖြင့် ချိတ်ဆက်ဆောင်ရွက်ပေးရသည်များလည်း ရှိကြောင်း သိရှိရသည်။

Tachileik News Agency
ဓာတ်ပုံ - CNCMC

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net