တာချီလိတ်မြို့တွင် ညမထွက်ရအမိန့် ချိုးဖောက်သူများကို စစ်ဆေးအရေးယူမှုများ ပြန်လည်စတင်မည်

တာချီလိတ်မြို့တွင် ညမထွက်ရအမိန့် ချိုးဖောက်သူများကို စစ်ဆေးအရေးယူမှုများ ပြန်လည်စတင်မည်
စက်တင်ဘာ 1, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင် ညမထွက်ရအမိန့် ချိုးဖောက်သူများကို စစ်ဆေးအရေးယူမှုများ ပြန်လည်စတင်မည်
 
မြန်မာ - ထိုင်း နယ်စပ်ဒေသ တာချီလိတ်မြို့တွင် ည (၁၂) နာရီမှ မနက် (၄) နာရီအတွင်း ညမထွက်ရအမိန့်  ထုတ်ပြန်ထားမှုအား ချိုးဖောက်သူများကို စစ်ဆေးအရေးယူမှုများ ၂၀၂၀ ခုနှစ် စက်တင်ဘာလ (၁) ရက်နေ့ ညပိုင်းမှ စတင်ပြီး ပြန်လည်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
“ညမထွက်အမိန့်က တည်မြဲနေတာ။ ညမထွက်ရအမိန့်ကို ချိုးဖောက်ပြီး ပြစ်မှုကျူးလွန်တာတွေများလာတဲ့အတွက် အလုပ်များနေတဲ့ကြားက ပြန်စမယ်။ တွေ့ရင်ဖမ်းမယ်။ အမိန့်က မပျယ်သေးတဲ့အတွက် ဖမ်းမိရင်အရေးယူမယ်”ဟု တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးညီညီဌေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ညမထွက်ရအမိန့် ကို ၂၀၂၀ ခုနှစ် သြဂုတ်လ (၂၀) ရက်နေ့မှစတင်ပြီး နောက်ထပ်သက်တမ်း (၂) လထပ်တိုးထားရှိပြီး နေ့စဉ် ည(၁၂) နာရီမှ နံနက် (၄) နာရီအထိ အရေးပေါ်ကိစ္စရပ်များအတွက် သက်ဆိုင်ရာခွင့်ပြုချက်မှလွဲပြီး အပြင်ထွက်သွားလာခွင့်မရှိကြောင်း သိရသည်။
“ရခိုင် ကိုဗစ်ကလည်း ပြန်စလာတော့ ဒီဘက်ကလူတွေအေးဆေးနေမှာစိုးလို့ ပြန်စမယ့်သဘောပေါ့။ ရောဂါဖြစ်မှ ထလုပ်တာနဲ့စာရင် ကြိုတင်ကာကွယ်တာအကောင်းဆုံးပေါ့။ ဒီညကစပြီးတော့ ပညာပေးတာတို့ ဖမ်းဆီးတာတို့ လုပ်ရမှာပေါ့”ဟု တာချီလိတ်မြို့မရဲစခန်းမှူး ဒုတိယရဲမှူး ကျော်ထွန်းနိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
၂၀၂၀ ခုနှစ် မတ်လမှစတင်ပြီး တာချီလိတ်မြို့တွင် ညမထွက်ရအမိန့် ပုဒ်မ (၁၄၄) ကိုထုတ်ပြန်ခဲ့ပြီး ညမထွက်ရအမိန့်ကို ချိုးဖောက်မှုဖြင့် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ (၁၈၈) ဖြင့် ထောင်ဒဏ် (၃) လအထိ အရေးယူခံရသူ လူဦးရေ(၂၀)ကျော် ရှိနေကြောင်း သိရသည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~