ကျောက်မဲမြို့နယ်အတွင်းမှ ခရီးသွားမည့်သူများ ရပ်/ကျေးထောက်ခံစာအတွက် ငွေကြေးပေးရန် မလို

ကျောက်မဲမြို့နယ်အတွင်းမှ ခရီးသွားမည့်သူများ ရပ်/ကျေးထောက်ခံစာအတွက် ငွေကြေးပေးရန် မလို
စက်တင်ဘာ 8, 2020
By Tachileik News Agency
ကျောက်မဲမြို့နယ်အတွင်းမှ ခရီးသွားမည့်သူများ ရပ်/ကျေးထောက်ခံစာအတွက် ငွေကြေးပေးရန် မလို
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့မှ ခရီးသွားမည့်သူများ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် မည်သည့်အခကြေးငွေမှ ပေးရန်မလိုဘဲ ထောက်ခံစာရယူနိုင်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောကြားထားသည်။
“ငွေကြေးမကောက်ခံဖို့ အတွက်တော့ အရင်ကတည်းက စည်းကမ်းထုတ်ပြန်ပြီးသားပါ။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကိုလည်း ထပ်ပြီးမှာကြားဖို့ရှိပါတယ်” ဟု ကျောက်မဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၈) ရက်နေ့တွင် ပြောသည်။
COVID 19 ကူးစက်မှုများနေသည့်ဒေသမှ လာရောက်သူများတွင် ရောဂါပိုးကူးစက်ခံရနိုင်ချေများသဖြင့် အသွားအလာကန့်သတ်ကာ ဓာတ်ခွဲနမူနာစစ်ဆေးခြင်းကို မြို့နယ်အသီးသီးတွင်ဆောင်ရွက်နေရာ မိမိတို့ မည်သည့်ဒေသမှ လာရောက်သည်ကို အထောက်အထားပြရန် ခရီးသွားလာသူများအနေဖြင့် ရပ်/ကျေးထောက်ခံစာများ ရယူနေရခြင်းဖြစ်သည်။
“အလုပ်ကိစ္စနဲ့ လားရှိုးကို တစ်ညအိပ်လောက်ခရီးသွားဖို့အတွက် ရပ်ကွက်ရုံးမှာ ထောက်ခံစာသွားယူပါ တယ်။ ထောက်ခံစာရေးပေးပြီးတော့ ရုံးထဲကနေထွက်တဲ့အချိန်မှာ စာရွက်စာတမ်းကြေးပေးရမယ်လို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးက အော်ပြောပြီး ပိုက်ဆံတောင်းတယ်။ ပေးရတာကတော့ တစ်ရွက်ကို တစ်ထောင်ပဲ ဆိုပေမဲ့ အဲဒီလို ထောက်ခံစာလာလုပ်နေကြသူတွေက အများကြီးပဲလေ။” ဟု ထောက်ခံစာအတွက် ငွေကြေးပေးခဲ့ရသည်ဟုဆိုသည့် အမျိုးသမီးက ပြောသည်။
ယင်းကဲ့သို့ ငွေကြေးပေးရသည့်သတင်းများကြောင့် ကျောက်မဲမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် ငွေကြေးရယူခြင်းရှိ၊ မရှိကို ပြန်လည်စိစစ်ပြီး သတိပေးမည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~