အဂတိလိုက္စားမႈျဖင့္ အမႈဖြင့္ခံထားရသည့္ လားရႈိးၿမိဳ႕နယ္လ၀ကမွ ၀န္ထမ္းႏွင့္ အက်ဳိးေဆာင္လုပ္ကိုင္သူ အပါအ၀င္ (၈)ဦးအနက္ (၆)ဦးကို ဖမ္းဆီးရမိျခင္း မရွိေသး

အဂတိလိုက္စားမႈျဖင့္ အမႈဖြင့္ခံထားရသည့္ လားရႈိးၿမိဳ႕နယ္လ၀ကမွ ၀န္ထမ္းႏွင့္ အက်ဳိးေဆာင္လုပ္ကိုင္သူ အပါအ၀င္ (၈)ဦးအနက္ (၆)ဦးကို ဖမ္းဆီးရမိျခင္း မရွိေသး
ဇွန် 14, 2019
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လားရိႈးၿမိဳ႕တြင္ ႏိုင္ငံသားစိစစ္ေရးကဒ္၊ အိမ္ေထာင္စုဇယား၊ ေမြး/တိုးစာရင္းတို႔ အတြက္ ေငြေၾကးေတာင္းခံမႈျဖင့္ အမႈဖြင့္ခံထားရသည့္ ၿမိဳ႕နယ္လူဝင္မႈႀကီးၾကပ္ေရးဦးစီးဌာနမွ (၇)ဦးႏွင့္ အက်ိဳးေဆာင္လုပ္ကိုင္သူ (၁)ဦးတုိ႔အနက္ ဝန္ထမ္း(၆)ဦးကို ဖမ္းဆီးရမိျခင္း မရိွေသးေၾကာင္း သိရသည္။

"အမႈဖြင့္ထားခံရသူေတြထဲက လက္ေထာက္လူဝင္မႈႀကီးၾကပ္ေရးမွဴး ေဒၚခင္ေမထြန္းနဲ႔ လဝက အက်ိဳးေဆာင္ ျပဳလုပ္သူ ေဒၚမာေရွာက္ဆန္း တို႔ကိုပဲ လက္ရွိ ထိန္းသိမ္းအေရးယူထားပါတယ္။ က်န္သူေတြကိုေတာ့ လက္ဝယ္ ဖမ္းဆီးရမိဖို႔ ေဆာင္ရြက္ေနဆဲျဖစ္ပါတယ္"ဟု လားရိႈးၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴး ျမင့္ေက်ာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ဇြန္လ (၁၃)ရက္ေန႔က  ေျပာသည္။

လားရိႈးၿမိဳ႕နယ္ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္္ ျပည္သူ႔အင္အားဝန္ႀကီးဌာန လူဝင္မႈႀကီးၾကပ္ေရးရံုးမွ ၿမိဳ႕နယ္ဦးစီးမွဴး၊ တိုက္နယ္ဦးစီးမွဴးမ်ားသည္ ႏိုင္ငံသားစိစစ္ေရးကဒ္၊ အိမ္ေထာင္စုဇယား၊ ေမြး/တိုး စာရင္းတို႔ ျပဳလုပ္ျခင္းမ်ားအေပၚ ေငြေၾကးေတာင္းခံေနသည္ဟု တုိင္ၾကားခ်က္အား အဂတိတိုက္ဖ်က္ေရးေကာ္မရွင္က စစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဂတိတိုက္ဖ်က္ေရးေကာ္မရွင္က လားရႈိးၿမိဳ႕နယ္ ဦးစီးမွဴး႐ုံးမွ ၿမိဳ႕နယ္ဦးစီးမွဴး ဦးစီးအရာရွိ ဦးေက်ာ္ေက်ာ္လင္း၊ ဒုတိယလူဝင္မႈႀကီးၾကပ္ေရးမွဴး ေဒၚၾကည္ၾကည္ညြန႔္၊ ဒုတိယလူဝင္မႈႀကီးၾကပ္ေရးမွဴး ဦးရန္ဝင္းေအာင္၊ လက္ေထာက္လူဝင္မႈႀကီးၾကပ္ေရးမွဴး ဦးထက္ဝင့္ေအာင္၊ လက္ေထာက္လူဝင္မႈ ႀကီးၾကပ္ေရးမွဴး ေဒၚအိအိမြန္ေအာင္၊ လက္ေထာက္လူဝင္မႈႀကီးၾကပ္ေရးမွဴး ေဒၚခင္ေမထြန္း၊ လက္ေထာက္လူဝင္မႈႀကီးၾကပ္ေရးမွဴး ဦးေက်ာ္သူဟိန္းႏွင့္ ေဒၚမာေရွာက္ဆန္း တို႔အား အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥေပဒျဖင့္ ၂၀၁၉ ခုႏွစ္၊ ဇြန္လ (၁၂) ရက္ေန႔က အမႈဖြင့္လုိက္ျခင္းျဖစ္သည္။

ရာထူးတာဝန္ကို အလြဲသံုးစားျပဳလုပ္၍ အဂတိလိုက္စားမႈက်ဴးလြန္ခဲ့ျခင္းႏွင့္ အဆိုပါေငြမ်ားအား လက္ခံ ရယူေပးျခင္း၊ ပူးေပါင္းၾကံစည္ခဲ့ျခင္း ႏွင့္ အားေပးကူညီေပးခဲ့ၾကသည့္ လဝက ဝန္ထမ္း ( ၆ )ဦးကို အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၆ အရ လည္းေကာင္း၊ အထက္အရာရွိအတြက္ ေငြေၾကးမ်ားအား လက္ခံ ရယူေပးခဲ့သည့္ လဝက ဝန္ထမ္းတစ္ဦးႏွင့္ အက်ိဳးေဆာင္အမ်ိဳးသမီးတစ္ဦးတို႔ကို အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၆/ ၆၃ တို႔ျဖင့္ လားရိႈးၿမိဳ႕ ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္လွစ္ထားေၾကာင္း သိရသည္။

၂၀၁၈ခုႏွစ္ ဇြန္လအတြင္း ေနာက္ဆံုး ျပင္ဆင္လိုက္သည့္  အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒ(စတုတၳအႀကိမ္)တြင္ ပုဒ္မ ၅၆ ကို က်ဴးလြန္ေၾကာင္း ျပစ္မႈထင္ရွားစီရင္ျခင္း ခံရပါက ေထာင္ဒဏ္ (၁၀)ႏွစ္ထက္ မပိုေသာ ျပစ္ဒဏ္အျပင္ ေငြဒဏ္လည္း ခ်မွတ္ႏုိင္ေၾကာင္း ျပ႒ာန္းထားရွိသည္။

Tachileik News Agency
သတင္း - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် နိုင်ငံသားစိစစ်ရေးကဒ်၊ အိမ်ထောင်စုဇယား၊ မွေး/တိုးစာရင်းတို့ အတွက် ငွေကြေးတောင်းခံမှုဖြင့် အမှုဖွင့်ခံထားရသည့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ (၇)ဦးနှင့် အကျိုးဆောင်လုပ်ကိုင်သူ (၁)ဦးတို့အနက် ဝန်ထမ်း(၆)ဦးကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။

"အမှုဖွင့်ထားခံရသူတွေထဲက လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး ဒေါ်ခင်မေထွန်းနဲ့ လဝက အကျိုးဆောင် ပြုလုပ်သူ ဒေါ်မာရှောက်ဆန်း တို့ကိုပဲ လက်ရှိ ထိန်းသိမ်းအရေးယူထားပါတယ်။ ကျန်သူတွေကိုတော့ လက်ဝယ် ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေဆဲဖြစ်ပါတယ်"ဟု လားရှိုးမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး မြင့်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ဇွန်လ (၁၃)ရက်နေ့က ပြောသည်။

လားရှိုးမြို့နယ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လူဝင်မှုကြီးကြပ်ရေးရုံးမှ မြို့နယ်ဦးစီးမှူး၊ တိုက်နယ်ဦးစီးမှူးများသည် နိုင်ငံသားစိစစ်ရေးကဒ်၊ အိမ်ထောင်စုဇယား၊ မွေး/တိုး စာရင်းတို့ ပြုလုပ်ခြင်းများအပေါ် ငွေကြေးတောင်းခံနေသည်ဟု တိုင်ကြားချက်အား အဂတိတိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဂတိတိုက်ဖျက်ရေးကော်မရှင်က လားရှိုးမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးကျော်ကျော်လင်း၊ ဒုတိယလူဝင်မှုကြီးကြပ်ရေးမှူး ဒေါ်ကြည်ကြည်ညွန့်၊ ဒုတိယလူဝင်မှုကြီးကြပ်ရေးမှူး ဦးရန်ဝင်းအောင်၊ လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး ဦးထက်ဝင့်အောင်၊ လက်ထောက်လူဝင်မှု ကြီးကြပ်ရေးမှူး ဒေါ်အိအိမွန်အောင်၊ လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး ဒေါ်ခင်မေထွန်း၊ လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး ဦးကျော်သူဟိန်းနှင့် ဒေါ်မာရှောက်ဆန်း တို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပေဒဖြင့် ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၂) ရက်နေ့က အမှုဖွင့်လိုက်ခြင်းဖြစ်သည်။

ရာထူးတာဝန်ကို အလွဲသုံးစားပြုလုပ်၍ အဂတိလိုက်စားမှုကျူးလွန်ခဲ့ခြင်းနှင့် အဆိုပါငွေများအား လက်ခံ ရယူပေးခြင်း၊ ပူးပေါင်းကြံစည်ခဲ့ခြင်း နှင့် အားပေးကူညီပေးခဲ့ကြသည့် လဝက ဝန်ထမ်း ( ၆ )ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ လည်းကောင်း၊ အထက်အရာရှိအတွက် ငွေကြေးများအား လက်ခံ ရယူပေးခဲ့သည့် လဝက ဝန်ထမ်းတစ်ဦးနှင့် အကျိုးဆောင်အမျိုးသမီးတစ်ဦးတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/ ၆၃ တို့ဖြင့် လားရှိုးမြို့ မြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

၂၀၁၈ခုနှစ် ဇွန်လအတွင်း နောက်ဆုံး ပြင်ဆင်လိုက်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ(စတုတ္ထအကြိမ်)တွင် ပုဒ်မ ၅၆ ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရပါက ထောင်ဒဏ် (၁၀)နှစ်ထက် မပိုသော ပြစ်ဒဏ်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားရှိသည်။

Tachileik News Agency
သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net