ခွင့်ပြုချက်မရှိဘဲ သယ်ဆောင်လာသည့် နွား(၁၄)ကောင်ကို ကျောက်မဲမြို့အဝင်တွင် ဖမ်းမိ

ခွင့်ပြုချက်မရှိဘဲ သယ်ဆောင်လာသည့် နွား(၁၄)ကောင်ကို ကျောက်မဲမြို့အဝင်တွင် ဖမ်းမိ
စက်တင်ဘာ 12, 2020
By Tachileik News Agency
ခွင့်ပြုချက်မရှိဘဲ သယ်ဆောင်လာသည့် နွား(၁၄)ကောင်ကို ကျောက်မဲမြို့အဝင်တွင် ဖမ်းမိ
နွား (၁၄)ကောင်ကို ခွင့်ပြုချက်မရှိ သယ်လာသည့် မော်တော်ယာဉ်မောင်းနှင့် နွားထိန်း (၂)ဦးတို့ကို ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့အဝင်တွင် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁၁)ရက်နေ့ နေ့လယ်ပိုင်းက ဖမမ်းဆီးရမိ၍   မော်တော်ယာဉ်နှင့် နွားများကို  သိမ်းဆည်းထားကြောင်း သိရသည်။
ကျောက်မဲမြို့အဝင် မုခ်ဦးအနီးတွင် အဆိုပါ နွားတင်ယာဉ်ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စရတ(ရမခ)စု(၃)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန စသည့် ပူးပေါင်းအဖွဲ့မှ စစ်ဆေးရာ သယ်ဆောင်ခွင့် အထောက်အထားမပါကြောင်း တွေ့ရသဖြင့် ယာဉ်မောင်းနှင့် နွားထိန်းအဖြစ် လိုက်လာသူ (၂)ဦးတို့ကို ထိန်းသိမ်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
သက်သေခံအဖြစ် နွားတင်လာသည့် (၆)ဘီးယာဉ်နှင့် နွားများကိုပါ ထိန်းသိမ်းထားပြီး ယာဉ်မောင်းနှင့် နွားထိန်းတစ်ဦးတို့အား ကျောက်မဲမြို့မရဲစခန်းတွင် (ပ )၈၇/ ၂၀၂၀၊ ၂၀၁၂ ခုနှစ် အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ-၅ အရလည်းကောင်း၊ အသက် (၁၆) နှစ်သာ ရှိသေးသည့် ကျန်နွားထိန်းတစ်ဦးကို ၂၀၁၉ ခုနှစ် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေပုဒ်မ-၈၀ ( ဆ )/ ( ည) တို့အရ ထိန်းသိမ်းထားကြောင်း သိရသည်။
အဆိုပါ နွား (၁၄)ကောင်ကို  နောင်ချိုဘက်မှ သီပေါဘက်သို့ ပို့ဆောင်ပေးရန် သယ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~