နမ့္ခမ္းၿမိဳ႕တြင္းမွ ဖမ္းေခၚသြားသည့္ နန္းမိုဟြမ္အား အျမန္ဆံုး ျပန္လႊတ္ေပးရန္ TNLA သေဘာတူ

နမ့္ခမ္းၿမိဳ႕တြင္းမွ ဖမ္းေခၚသြားသည့္ နန္းမိုဟြမ္အား အျမန္ဆံုး ျပန္လႊတ္ေပးရန္ TNLA သေဘာတူ
အောက်တိုဘာ 10, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) နမ့္ခမ္းၿမိဳ႕တြင္းမွ TNLA ဖမ္းဆီးေခၚေဆာင္ခံထားရသည့္ နန္းမိုဟြမ္အား ျပန္လႊတ္ေပးရန္ FPNCC က ၾကားဝင္ေစ့စပ္ ညိႇႏိႈင္းေပးၿပီးေနာက္ အျမန္ဆံုးျပန္လႊတ္ေပးရန္ TNLA က သေဘာတူလုိက္ေၾကာင္း ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ(၁၀)ရက္ေန႔တြင္ FPNCC ႏွင့္ ရွမ္းလူမႈအဖြဲ႕အစည္းေပါင္း (၁၀)ဖြဲ႕က ပူးတြဲသတင္းထုတ္ျပန္လုိက္သည္။

FPNCC စီစဥ္ေပးမႈအရ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၉)ရက္ေန႔တြင္ “ဝ”ေဒသ၊ ပန္ခမ္းၿမိဳ႕၊ ျပင္ပဆက္ဆံေရးဌာနအစည္းအေဝးခန္းမ၌ နန္းမိုဟြမ္မိသားစုဝင္၊ နမ့္ခမ္းၿမိဳ႕နယ္ ရွမ္းလူမႈအသင္းအဖြဲ႕အစည္း (၁၀)ဖြဲ႕မွ ေစလႊတ္ေသာ ကိုယ္စားလွယ္ (၄)ဦးတို႔ႏွင့္ PSLF/TNLA တို႔ နန္းမိုဟြမ္ျပန္လြတ္ေရးအတြက္ ေဆြးေႏြးခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

လြတ္ၿငိမ္းခ်မ္းသာခြင့္ျပဳရန္ နန္းမိုဟြမ္မိသားစုဝင္ႏွင့္ နမ့္ခမ္းၿမိဳ႕နယ္၊ ရွမ္းလူမႈအဖြဲ႕အစည္း (၁၀)ဖြဲ႕၏ ကိုယ္စားလွယ္မ်ားက ေမတၱာရပ္ခံခ်က္အရ တုိင္းရင္းသားမ်ား ခ်စ္ၾကည္ရင္းႏွီးဆက္ဆံမႈကို ေရွးရႈ၍ PSLF/TNLA က ျပန္လႊတ္ေပးရန္ သေဘာတူလုိက္ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖၚျပခ်က္အရ သိရသည္။
နန္းမိုဟြမ္လြတ္ေျမာက္ေရးအတြက္ ကူညီေဆာင္ရြက္ေပးပါရန္ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၃)ရက္ေန႔တြင္ နန္းမိုဟြမ္၏အစ္မျဖစ္သူ နန္းမိုခမ္းႏွင့္ နန္းခမ္းၿမိဳ႕နယ္ ရွမ္းလူမႈအဖြဲ႕အစည္းမ်ား ပူးေပါင္းလက္မွတ္ထိုးထားသည့္ စာႏွစ္ေစာင္ကို တုိင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းမ်ား၏ ျပည္ေထာင္စု ႏုိင္ငံေရးေဆြးေႏြးညိႇႏိႈင္းေရး အၿမဲတမ္းေကာ္မတီ (Federal Political Negotiation and Consultative Committee -FPNCC)က လက္ခံရရိွခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

FPNCC အၿမဲတမ္းေကာ္မတီက အဆိုပါကိစၥႏွင့္ပတ္သက္၍ သက္ဆိုင္ရာအေျခအေနမ်ားကို တစ္လနီးပါးေမးျမန္းစံုစမ္းခဲ့ၿပီး အဖြဲ႕ဝင္အဖြဲ႕အစည္း PSLF/TNLA ႏွင့္ ပဏာမေဆြးေႏြးမႈလုပ္ေဆာင္ၿပီးေနာက္ ႏွစ္ဖက္မွ FPNCC အား ၾကားဝင္ညႇိႏိႈင္းေဆာင္ရြက္ေပးလိုေသာဆႏၵအရ ၾကားဝင္ေျဖရွင္းေပးရန္ ဆံုးျဖတ္လုိက္ကာ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၃)ရက္ေန႔တြင္ နမ့္ခမ္းၿမိဳ႕နယ္၊ ရွမ္းလူမႈအဖြဲ႕အစည္း (၁၀)ဖြဲ႕ႏွင့္ နန္းမိုခမ္းတို႔အား FPNCC ဌာနခ်ဳပ္ရွိရာ ပန္ခမ္းၿမိဳ႕သို႔ လာေရာက္ေဆြးေႏြးရန္ ဖိတ္ေခၚခဲ့ျခင္းျဖစ္ေၾကာင္း ေဖၚျပထားသည္။

နန္းမိုဟြမ္ကို နမ့္ခမ္းၿမိဳ႕ ဟိုေနာင္ရပ္ကြက္ရိွေနအိမ္တြင္ ၂၀၁၈ ခုႏွစ္ ၾသဂုတ္လ (၁၇) ရက္ေန႔ နံနက္ပိုင္း၌ TNLA က လက္နက္ကိုင္အဖြဲ႕ျဖင့္ ဝင္ေရာက္ဖမ္းဆီးသြားခဲ့ၿပီး ၎တို႔ဖမ္းဆီးထားျခင္းျဖစ္ေၾကာင္းကိုလည္း TNLA က သတင္းထုတ္ျပန္ခဲ့ၿပီးေနာက္ ၎တို႔၏ တရားစီရင္ေရးအရ ေထာင္ဒဏ္ (၃)ႏွစ္ ခ်မွတ္လုိက္ေၾကာင္း TNLA က သတင္းထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

ျပည္သူတစ္ဦးအား ယင္းကဲ့သို႔ဖမ္းဆီးေခၚေဆာင္ျခင္းႏွင့္ပတ္သက္၍ လူငယ္ကြန္ယက္(နမ့္ခမ္းၿမိဳ႕)၊ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးဗဟုိဌာနတို႔က ထုတ္ျပန္ခ်က္မ်ား ထုတ္ျပန္ေတာင္းဆိုခဲ့ၾကၿပီး နမ့္ခမ္းၿမိဳ႕မွ ရွမ္းလူမႈအဖြဲ႕အစည္းမ်ား၊ မိသားစုဝင္မ်ားက ဆႏၵထုတ္ေဖၚေတာင္းဆိုျခင္းမ်ားကိုလည္း လုပ္ေဆာင္ခဲ့ၾကသည္ကို ေတြ႔ရသည္။

တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ား၏ ျပည္ေထာင္စု ႏုိင္ငံေရးေဆြးေႏြးညိႇႏိႈင္းေရး အၿမဲတမ္းေကာ္မတီ (Federal Political Negotiation and Consultative Committee -FPNCC)တြင္ တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားျဖစ္သည့္ UWSA၊ NDAA၊ SSPP၊ TNLA၊ MNDAA၊ AA ႏွင့္ KIA တို႔ ပါဝင္ဖြဲ႕စည္းထားျခင္းျဖစ္သည္။

သတင္း #နန္းဟြမ္ခမ္း

~~~~~~~~⊰❂ unicode ~~~~~~~~
နမ့်ခမ်းမြို့တွင်းမှ ဖမ်းခေါ်သွားသည့် နန်းမိုဟွမ်အား  အမြန်ဆုံး ပြန်လွှတ်ပေးရန် TNLA သဘောတူ
**************
ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ခမ်းမြို့တွင်းမှ TNLA ဖမ်းဆီးခေါ်ဆောင်ခံထားရသည့် နန်းမိုဟွမ်အား ပြန်လွှတ်ပေးရန် FPNCC က ကြားဝင်စေ့စပ် ညှိနှိုင်းပေးပြီးနောက် အမြန်ဆုံးပြန်လွှတ်ပေးရန် TNLA က သဘောတူလိုက်ကြောင်း ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ(၁၀)ရက်နေ့တွင် FPNCC နှင့် ရှမ်းလူမှုအဖွဲ့အစည်းပေါင်း (၁၀)ဖွဲ့က ပူးတွဲသတင်းထုတ်ပြန်လိုက်သည်။

FPNCC စီစဉ်ပေးမှုအရ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၉)ရက်နေ့တွင် “ဝ”ဒေသ၊ ပန်ခမ်းမြို့၊ ပြင်ပဆက်ဆံရေးဌာနအစည်းအဝေးခန်းမ၌ နန်းမိုဟွမ်မိသားစုဝင်၊ နမ့်ခမ်းမြို့နယ် ရှမ်းလူမှုအသင်းအဖွဲ့အစည်း (၁၀)ဖွဲ့မှ စေလွှတ်သော ကိုယ်စားလှယ် (၄)ဦးတို့နှင့် PSLF/TNLA တို့ နန်းမိုဟွမ်ပြန်လွတ်ရေးအတွက် ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
လွတ်ငြိမ်းချမ်းသာခွင့်ပြုရန် နန်းမိုဟွမ်မိသားစုဝင်နှင့် နမ့်ခမ်းမြို့နယ်၊ ရှမ်းလူမှုအဖွဲ့အစည်း (၁၀)ဖွဲ့၏ ကိုယ်စားလှယ်များက မေတ္တာရပ်ခံချက်အရ တိုင်းရင်းသားများ ချစ်ကြည်ရင်းနှီးဆက်ဆံမှုကို ရှေးရှု၍ PSLF/TNLA က ပြန်လွှတ်ပေးရန် သဘောတူလိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖေါ်ပြချက်အရ သိရသည်။
နန်းမိုဟွမ်လွတ်မြောက်ရေးအတွက် ကူညီဆောင်ရွက်ပေးပါရန် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၃)ရက်နေ့တွင် နန်းမိုဟွမ်၏အစ်မဖြစ်သူ နန်းမိုခမ်းနှင့် နန်းခမ်းမြို့နယ် ရှမ်းလူမှုအဖွဲ့အစည်းများ ပူးပေါင်းလက်မှတ်ထိုးထားသည့် စာနှစ်စောင်ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး အမြဲတမ်းကော်မတီ (Federal Political Negotiation and Consultative Committee -FPNCC)က လက်ခံရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

FPNCC အမြဲတမ်းကော်မတီက အဆိုပါကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာအခြေအနေများကို တစ်လနီးပါးမေးမြန်းစုံစမ်းခဲ့ပြီး အဖွဲ့ဝင်အဖွဲ့အစည်း PSLF/TNLA နှင့် ပဏာမဆွေးနွေးမှုလုပ်ဆောင်ပြီးနောက် နှစ်ဖက်မှ FPNCC အား ကြားဝင်ညှိနှိုင်းဆောင်ရွက်ပေးလိုသောဆန္ဒအရ ကြားဝင်ဖြေရှင်းပေးရန် ဆုံးဖြတ်လိုက်ကာ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၃)ရက်နေ့တွင် နမ့်ခမ်းမြို့နယ်၊ ရှမ်းလူမှုအဖွဲ့အစည်း (၁၀)ဖွဲ့နှင့် နန်းမိုခမ်းတို့အား FPNCC ဌာနချုပ်ရှိရာ ပန်ခမ်းမြို့သို့ လာရောက်ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ကြောင်း ဖေါ်ပြထားသည်။

နန်းမိုဟွမ်ကို နမ့်ခမ်းမြို့ ဟိုနောင်ရပ်ကွက်ရှိနေအိမ်တွင် ၂၀၁၈ ခုနှစ် သြဂုတ်လ (၁၇) ရက်နေ့ နံနက်ပိုင်း၌ TNLA က လက်နက်ကိုင်အဖွဲ့ဖြင့် ဝင်ရောက်ဖမ်းဆီးသွားခဲ့ပြီး ၎င်းတို့ဖမ်းဆီးထားခြင်းဖြစ်ကြောင်းကိုလည်း TNLA က သတင်းထုတ်ပြန်ခဲ့ပြီးနောက် ၎င်းတို့၏ တရားစီရင်ရေးအရ ထောင်ဒဏ် (၃)နှစ် ချမှတ်လိုက်ကြောင်း TNLA က သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ပြည်သူတစ်ဦးအား ယင်းကဲ့သို့ဖမ်းဆီးခေါ်ဆောင်ခြင်းနှင့်ပတ်သက်၍ လူငယ်ကွန်ယက်(နမ့်ခမ်းမြို့)၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနတို့က ထုတ်ပြန်ချက်များ ထုတ်ပြန်တောင်းဆိုခဲ့ကြပြီး နမ့်ခမ်းမြို့မှ ရှမ်းလူမှုအဖွဲ့အစည်းများ၊ မိသားစုဝင်များက ဆန္ဒထုတ်ဖေါ်တောင်းဆိုခြင်းများကိုလည်း လုပ်ဆောင်ခဲ့ကြသည်ကို တွေ့ရသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး အမြဲတမ်းကော်မတီ (Federal Political Negotiation and Consultative Committee -FPNCC)တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် UWSA၊ NDAA၊ SSPP၊ TNLA၊ MNDAA၊ AA နှင့် KIA တို့ ပါဝင်ဖွဲ့စည်းထားခြင်းဖြစ်သည်။

သတင်း #နန်းဟွမ်ခမ်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~