(၁၃)ရက်အတွင်း မြန်မာနိုင်ငံတွင် COVID-19 ကူးစက်ခံရသူ (၂၁)ဦးအထိ ရှိလာ

(၁၃)ရက်အတွင်း မြန်မာနိုင်ငံတွင် COVID-19 ကူးစက်ခံရသူ (၂၁)ဦးအထိ ရှိလာ
ဧပြီ 5, 2020
By Tachileik News Agency
(၁၃)ရက်အတွင်း မြန်မာနိုင်ငံတွင် COVID-19 ကူးစက်ခံရသူ (၂၁)ဦးအထိရှိလာ

မြန်မာနိုင်ငံအတွင်း COVID-19 ကူးစက်ခံရမှုကြောင့် အတည်ပြုလူနာများသည် (၁၃)ရက်အတွင်း (၂၁)ဦးရှိလာပြီး ကူးစက်ခံရမှု အများစုမှာ ရန်ကုန်တိုင်းဒေသကြီးကဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

၂၀၂၀ခုနှစ် မတ်လ(၂၃)ရက်နေ့က ချင်းပြည်နယ် နှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ အတည်ပြုလူနာ (၂)ဦးစတင် တွေ့ရှိခဲ့ပြီးနောက် ဧပြီလ(၄)ရက်နေ့အထိ (၂၁)ဦးတိတိ အတည်ပြုလူနာအဖြစ် ရှိလာသည်ကို အမျိုးသားကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)၏ ဓါတ်ခွဲအဖြေများအရ သိရသည်။

ကူးစက်ခံရသူများတွင် ရန်ကုန်တိုင်းဒေသကြီးမှ (၁၃)ဦး၊ ပဲခူးတိုင်းဒေသကြီးမှ (၄)ဦး၊ မန္တလေးတိုင်းဒေသကြီးမှ (၁)ဦး၊ နေပြည်တော်မှ (၁)ဦး၊ ချင်းပြည်နယ်မှ (၁)ဦး နှင့် ရှမ်းပြည်နယ်မှ(၁)ဦး စုစုပေါင်း (၂၁)ဦးရှိရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ကူးစက်ခံရသူ အမျိုးသားတစ်ဦးသည် မတ်လ(၃၁)ရက်နေ့က သေဆုံးသွားကြောင်း သိရသည်။

လက်ရှိတွင်   အတည်ပြုလူနာ(၁၈)ဦးအား သက်ဆိုင်ရာဆေးရုံများတွင် စောင့်ရှောက်ကုသပေးနေပြီး (၂)ဦးကို ဝေဘာဂီအထူးကုဆေးရုံကြီး၏ အထူးကြပ်မတ်ခန်းတွင် သီးခြားထားကာ ဆေးကုသပေးနေလျက်ရှိ ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း ဧပြီလ(၅)ရက်နေ့တွင် ဓါတ်ခွဲအဖြေစောင့်နေသူမှ (၁၁၁)ဦးရှိနေကြောင်း သိရှိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~