ထိုင်းနိုင်ငံတွင် အိုမီခရွန်ကူးစက်သူ (၃) ဦးထပ်တိုး

 ထိုင်းနိုင်ငံတွင် အိုမီခရွန်ကူးစက်သူ (၃) ဦးထပ်တိုး

ဆော်ဒီအာရေးဗီးယားမှ ပြန်လာသည့် ထိုင်းနိုင်ငံသား (၃) ဦးတွင် COVID 19 ဗီဇပြောင်း အိုမီခရွန် ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရသည်ဟု ထိုင်းကျန်းမာရေးဌာနက ယနေ့ထုတ်ပြန်သည်။

အဆိုပါ (၃)ဦးမှာ ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၇) ရက်နေ့က  မကာဘုရားဖူးပြန်လာသည့် (၁၃၇)ဦးအဖွဲ့မှ ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အိုမီခရွန်တွေ့ရှိထားသူ (၃) ဦးကို အသွားအလာကန့်သတ်ထားရာနေရာမှ ပတ်ဌာနီဆေးရုံသို့ ပို့ဆောင်ထားပြီး ဆေးရုံဆင်းခွင့်ရပါကလည်း နောက်ထပ် (၁၄) ရက် နေအိမ်တွင် အသွားအလာ ထပ်မံကန့်သတ်မည်ဟု သိရသည်။

ထိုင်းနိုင်ငံတွင် ပထမဆုံး အိုမီခရွန်ကူးစက်ခံရသူကို ဒီဇင်ဘာလ (၆) ရက်နေ့က စတင်တွေ့ခဲ့ရပြီး လက်ရှိအချိန်ထိ (၁၀)ဦးအထက်ရှိနေသော်လည်း ပြည်တွင်း ကူးစက်မှုမရှိသေးကြောင်း ထိုင်းကျန်းမာရေးဌာနက ထုတ်ပြန်ထားသည်။