ရန်ကုန်မှ ပြန်လာသည့် အမျိုးသမီးတစ်ဦးတွင် Covid-19 ပိုးတွေ့၍ မကွေးတိုင်းဒေသကြီးအတွင်း အတည်ပြုလူနာ (၁၆)ဦးအထိ ရှိလာ

ရန်ကုန်မှ ပြန်လာသည့် အမျိုးသမီးတစ်ဦးတွင် Covid-19 ပိုးတွေ့၍ မကွေးတိုင်းဒေသကြီးအတွင်း အတည်ပြုလူနာ (၁၆)ဦးအထိ ရှိလာ
စက်တင်ဘာ 19, 2020
By Tachileik News Agency
ရန်ကုန်မှ ပြန်လာသည့် အမျိုးသမီးတစ်ဦးတွင် Covid-19 ပိုးတွေ့၍ မကွေးတိုင်းဒေသကြီးအတွင်း အတည်ပြုလူနာ (၁၆)ဦးအထိ ရှိလာ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ စက်တင်ဘာလ (၁၉)ရက်နေ့ နံနက်ပိုင်း ထုတ်ပြန်ချက်အရ မကွေးတိုင်းဒေသကြီးအတွင်း မကွေးမြို့မှ ရန်ကုန်ပြန် အမျိုးသမီး (၁)ဦးထံက Covid-19 ပိုးတွေ့ရှိ၍ မကွေး တိုင်းဒေသကြီးအတွင်း၌ အတည်ပြုလူနာ စုစုပေါင်း (၁၆)ဦးအထိ ရှိလာကြောင်း မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
“မကွေးမြို့ ဆားစည့်ရပ်ကွက်က ရန်ကုန်ပြန် အသက်(၅၄)နှစ်အရွယ် မျိုးသမီး(၁)ဦး Positive ဖြစ်တာ ဟုတ်ပါတယ်။ ရန်ကုန်က ပြန်လာသူဖြစ်ပြီး အနံ့ပျောက်တာနဲ့ မကွေးတိုင်းဆေးရုံကြီးမှာ ကုသမှုခံယူပြီး Swab ယူ ဓာတ်ခွဲပေးပို့ စစ်ဆေးခဲ့တာမှာ ပိုးတွေ့အတည်ပြုလူနာဖြစ်ခဲ့တာပါ”ဟု မကွေးတိုင်း ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်း က အတည်ပြုပြောကြားသည်။
အဆိုပါ အမျိုးသမီးမှာ မကွေးတိုင်းဒေသကြီး၏ (၁၆)ဦးမြောက် အတည်ပြုလူနာဖြစ်ပြီး လက်ရှိတွင် ကျန်းမာရေးအခြေအနေ ကောင်းမွန်လျှက်ရှိနေကြောင်းနှင့် မကွေးတိုင်းတွင် ယနေ့အချိန်ထိ COVID-19 ရောဂါဖြင့် သေဆုံးသူမရှိသေးဘဲ အတည်ပြုလူနာများအနက်မှ (၄)ဦးမှာ ဆေးရုံက ကျန်းမာစွာဖြင့် ဆင်းခွင့်ရသွားပြီဖြစ်ကြောင်း သိရသည်။ 
တစ်နိုင်ငံလုံးအနေဖြင့် ၂၀၂၀ခုနှစ် မတ်လ(၂၃)ရက်နေ့မှ စက်တင်ဘာလ(၁၉)ရက်နေ့ နံနက်(၈)နာရီ အထိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ Covid-19 အတည်ပြုလူနာ စုစုပေါင်း ( ၄,၆၂၁ )ဦး ရှိနေရာ သေဆုံးသူမှာ (၇၅)ဦးရှိပြီး သက်သာပျောက်ကင်း ဆေးရုံဆင်းခွင့်ရသူမှာ (၁,၁၃၀)ဦး ရှိကြောင်း သိရသည်။
Tachileik News Agency
ဓာတ်ပုံ - ဖီးနစ်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~