မလေးရှားတွင် COVID 19 ကာကွယ်ဆေးအကြိမ်ရေအပြည့် ထိုးထားသော်လည်း ကျန်းမာရေးဝန်ထမ်း (၄၀)ဦး COVID 19 ကူးစက်ခံရ

မလေးရှားတွင် COVID 19 ကာကွယ်ဆေးအကြိမ်ရေအပြည့် ထိုးထားသော်လည်း ကျန်းမာရေးဝန်ထမ်း (၄၀)ဦး COVID 19 ကူးစက်ခံရ

မလေးရှားနိုင်ငံတွင် COVID 19 ကာကွယ်ဆေး (၂) ကြိမ်ထိုးထားပြီးဖြစ်သည့် ကျန်းမာရေးဝန်ထမ်း (၄၀)တွင် COVID 19 ပိုးတွေ့ရသည်ဟု မလေးကျန်းမာရေးဌာနတာဝန်ရှိသူက ၂၀၂၁ ခုနှစ် ဧပြီလ (၁၇) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။



၎င်းတို့အနက် (၉) ဦးမှာ ဒုတိအကြိမ်ကာကွယ်ဆေးဆိုးပြီး နှစ်ပတ်ကျော်အကြာတွင် COVID 19 ဖြစ်ပွားပြီး ကျန် (၃၁)ဦးမှာ နှစ်ပတ်အတွင်း COVID 19 ဖြစ်ပွားခြင်းဖြစ်သည်ဟု သိရသည်။



ယင်းအပြင် ကာကွယ်ဆေး (၁) ကြိမ်ထိုးပြီးနောက် COVID 19 ဖြစ်ပွားခဲ့သည့် ကျန်းမာရေးဝန်ထမ်းအရေအတွက်မှာ (၁၄၂) ဦးရှိသည်ဟု သိရသည်။



သို့သော် ကာကွယ်ဆေးထိုးပြီးနောက် COVID 19 ဖြစ်ပွားသူများတွင် ရောဂါလက္ခဏာပြင်းထန်မှု နည်းသည်ဟု ဆိုသည်။



"ဒါကိုကြည့်ရင် ကာကွယ်ဆေးထိုးပြီးရင်လည်း ကူးစက်ခံနိုင်သေးတယ်ဆိုတာပါပဲ။ လူတိုင်း ဘေးမကင်းသေးသ၍ ဘယ်သူမှ ဘေးကင်းမှာ မဟုတ်ဘူး"ဟု ကျန်းမာရေးဌာန ညွှန်ကြားရေးမှူးချုပ်က လူမှုကွန်ရက်မှတစ်ဆင့် ရေးသားလိုက်ပြီး ကာကွယ်ဆေးသည် COVID 19 တိုက်ဖျက်ရေးအတွက် မျှော်လင့်ချက်ဖြစ်သော်လည်း ကာကွယ်ဆေးထိုးပြီးကာလတွင်လည်း ကာကွယ်ရေးလမ်းညွှန်ချက်များကို လျော့ချခြင်းမပြုရန် တိုက်တွန်းထားသည်။



မလေးရှားနိုင်ငံတွင် ကာကွယ်ဆေး (၂) ကြိမ်အပြည့်ထိုးထားပြီးသူ (၄၃၈၀၀၀)ရှိပြီး ပထမအကြိမ် ကာကွယ်ဆေးထိုးပြီးသူ (၆၈၇၁၇၆)ဦးရှိသည်ဟု သိရသည်။

#TachileikNewsAgency

Soruce: CNA