(၁၄)ရက်စောင့်ကြည့်ထားသူများထဲက အတည်ပြုလူနာတစ်ဦး ထပ်တွေ့၍ မြန်မာနိုင်ငံတွင် ကူးစက်ခံရသူ (၂၂)ဦးရှိလာ

(၁၄)ရက်စောင့်ကြည့်ထားသူများထဲက အတည်ပြုလူနာတစ်ဦး ထပ်တွေ့၍ မြန်မာနိုင်ငံတွင် ကူးစက်ခံရသူ (၂၂)ဦးရှိလာ
ဧပြီ 6, 2020
By Tachileik News Agency
 

(၁၄)ရက်စောင့်ကြည့်ထားသူများထဲက အတည်ပြုလူနာတစ်ဦး ထပ်တွေ့၍ မြန်မာနိုင်ငံတွင် ကူးစက်ခံရသူ (၂၂)ဦးရှိလာ

မြန်မာနိုင်ငံတွင်း ပြန်ဝင်လာပြီး (၁၄)ရက် အသွားအလာ ကန့်သတ်စောင့်ကြည့်နေသူ (၁)ဦးကို ၂၀၂၀ ခုနှစ်၊ ဧပြီလ (၆)ရက်နေ့က  COVID 19 အတည်ပြုလူနာအဖြစ် စစ်ဆေးတွေ့ရသဖြင့် မြန်မာနိုင်ငံတွင် အတည်ပြုလူနာ (၂၂)ဦး ရှိလာပြီဖြစ်သည်။

ယနေ့ ဓာတ်ခွဲအတည်ပြုလူနာ (Case-022) သည် ဧပြီလ (၅)ရက်နေ့က ဓာတ်ခွဲအတည်ပြုလူနာ (Case-21)၏ မိခင်ဖြစ်ပြီး မတ်လ (၂၄)ရက်နေ့၌ အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကိုရီးယားနှင့် ထိုင်းတို့မှတစ်ဆင့် ပြန်လာကာ ရန်ကုန်သို့ မတ်လ (၂၆)ရက်နေ့၌ ရောက်ရှိလာသည့် မိသားစု (၃)ဦးအဖွဲ့မှဖြစ်သည်။

အဆိုပါ မိသားစု (၃)ဦးသည် ရန်ကုန်လေဆိပ်သို့ရောက်ရှိချိန်မှစ၍ ဗိုလ်တစ်ထောင်မြို့နယ်ရှိ ဟိုတယ်တစ်ခု၌ အသွားအလာ ကန့်သတ်နေထိုင်ခဲ့ရာမှ ဧပြီလ (၂)ရက်နေ့တွင် သမီးဖြစ်သူ (အတည်ပြုလူနာ Case 21) ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ မောပန်းခြင်း စသည့်ရောဂါလက္ခဏာများ ခံစားခဲ့ရသဖြင့်  ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးတွင် စောင့်ကြည့်လူနာအဖြစ်ကုသမှုပေးကာ ဓါတ်ခွဲပို့စစ်ခဲ့ပြီးနောက် ဧပြီလ (၅)ရက်နေ့၌ အတည်ပြုလူနာအဖြစ် ဓါတ်ခွဲအဖြေရခဲ့ခြင်းဖြစ်သည်။

စောင့်ကြည့်လူနာနှင့် ဆေးရုံတွင် အသွား အလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိသောသူ (၄၆) ဦး၏ ဓာတ်ခွဲအဖြေများကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ဧပြီလ (၆)ရက်နေ့တွင် ထုတ်ပြန်ရာ အမျိုးသမီးတစ်ဦးတွင် COVID 19 ပိုးတွေ့ရပြီး ကျန်လူနာများတွင် ပိုးမတွေ့ရကြောင်း ဓါတ်ခွဲအဖြေ ထွက်လာခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၂၂)ဦးအနက် နှာခေါင်းကင်ဆာဝေဒနာရှင် ဓါတ်ခွဲအတည်ပြုလူနာ (၁)ဦး သေဆုံးသွားပြီး ကျန်လူနာ (၂၀)ဦးမှာ ကျန်းမာရေးအခြေအနေကောင်းမွန်နေကာ လူနာ(၁)ဦးမှာ အထူးကြပ်မတ်ကုသခန်း၌ ကုသပေးနေရကြောင်း သိရသည်။

COVID 19 အတည်ပြုလူနာများကို ချင်းပြည်နယ်၊ တီးတိန် ပြည်သူ့ ဆေးရုံ၊ ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံကြီး၊ မန္တလေးမြို့ ကန်တော်နဒီဆေးရုံ၊  နေပြည်တော်ပြည်သူ့ဆေးရုံ၊ လားရှိုးပြည်သူ့ဆေးရုံကြီး၊ ပြည်မြို့ ပြည်သူ့ဆေးရုံကြီးတို့တွင် ကုသပေးနေခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~