COVID-19 အတည်ပြုလူနာ တွေ့ရှိခဲ့သည့် မိုင်းဖြတ်မြို့တွင် ဆေးရုံနှင့်ဝန်းကျင်ကို ဆေးဖြန်း

COVID-19 အတည်ပြုလူနာ တွေ့ရှိခဲ့သည့် မိုင်းဖြတ်မြို့တွင် ဆေးရုံနှင့်ဝန်းကျင်ကို ဆေးဖြန်း
ဧပြီ 15, 2020
By Tachileik News Agency
COVID-19 အတည်ပြုလူနာ တွေ့ရှိခဲ့သည့် မိုင်းဖြတ်မြို့တွင် ဆေးရုံနှင့်ဝန်းကျင်ကို ဆေးဖြန်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၅)ရက်နေ့က covid-19 အတည်ပြုလူနာကို ကျိုင်းတုံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပြီးနောက် မိုင်းဖြတ်ပြည်သူ့ဆေးရုံနှင့် ဝန်းကျင်ကို ဆေးဖြန်းထားကြောင်း သိရသည်။

“လူနာတင်ယာဉ် ဖြတ်သွားတဲ့ လမ်းတစ်လျှောက် ဟိုးမြို့ပြင်အထိရယ်၊ ဆေးရုံရယ်၊ နောက် ရဲစခန်း အချုပ်ခန်းရယ်ကို ဆေးဖြန်းပေးခဲ့တယ်။ ဆေးဖြန်းတာက အခမဲ့ပါ။ ကလိုရင်းဖြန်းတာပါ။ လှူဒါန်းထားတာတွေနဲ့ လိုက်ဖြန်းပေးတာ။ PPE တွေကတော့ တစ်ခါဝတ်ပြီးရင် မီးရှို့ပစ်လိုက်တယ်”ဟု ကလိုရင်းဖြန်းခြင်းကို ကူညီဆောင်ရွက်ပေးနေသည့် တာချီလိတ်မြို့မှ မဇ္ဇျိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

COVID-19 ကဲ့သို့ ဗိုင်းရပ်စ်၊ ဘက်တီးရီးယားနှင့် အခြား Microbias များ ကပ်ညှိနေနိုင်သည့် မျက်နှာပြင်များကို ကလိုရင်းအား အချိုးအဆအတိုင်း ရေဖြင့်ရောစပ်ဖြန်းပေးခြင်းများ လုပ်ဆောင်နေခြင်းဖြစ်သည်။

အတည်ပြုလူနာ (Case 024)နှင့် ထိတွေ့မှုရှိခဲ့သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့မှ အသက် (၂၃)နှစ်အရွယ် အမျိုးသား (၁)ဦးကို ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၅)ရက်နေ့တွင် အတည်ပြုလူနာအဖြစ် ဓါတ်ခွဲအဖြေရရှိ၍ မိုင်းဖြတ်ပြည်သူ့ဆေးရုံမှ တဆင့် ကျိုင်းတုံပြည်သူ့ဆေးရုံသို့  ဧပြီလ(၁၅)ရက်နေ့ ည(၆)နာရီဝန်းကျင်တွင် ခေါ်ဆောင်သွားပြီဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - ကိုသာ


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~