စက်တင်ဘာလ(၆)နေ့အတွက် နှစ်ကြိမ်ပေါင်း စစ်ဆေးသည့် ဓါတ်ခွဲနမူနာ (၃၀၀၇)ခုတွင် Covid-19 အတည်ပြုလူနာ (၁၄၅)ဦးတွေ့ရှိ

စက်တင်ဘာလ(၆)နေ့အတွက် နှစ်ကြိမ်ပေါင်း စစ်ဆေးသည့် ဓါတ်ခွဲနမူနာ (၃၀၀၇)ခုတွင် Covid-19 အတည်ပြုလူနာ (၁၄၅)ဦးတွေ့ရှိ
စက်တင်ဘာ 7, 2020
By Tachileik News Agency
စက်တင်ဘာလ(၆)နေ့အတွက် နှစ်ကြိမ်ပေါင်း စစ်ဆေးသည့် ဓါတ်ခွဲနမူနာ (၃၀၀၇)ခုတွင် Covid-19 အတည်ပြုလူနာ (၁၄၅)ဦးတွေ့ရှိ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက စက်တင်ဘာလ(၆)ရက်နေ့၏ ဒုတိယအသုတ်အဖြစ် ဓါတ်ခွဲနမူနာ(၉၈၇)ခုအား ဓါတ်ခွဲစစ်ဆေးရာက (၄၅)ဦးတွင် Covid-19 ပိုး တွေ့ရှိ၍ စက်တင်ဘာလ(၆)ရက်နေ့ တစ်နေ့တာ ဓါတ်ခွဲနမူနာ (၃၀၀၇)ခုတွင် ပိုးတွေ့လူနာ (၁၄၅)ဦးတွေ့ရှိခြင်း ဖြစ်ကြောင်း ၂၀၂၀ခုနှစ် စက်တင်ဘာလ(၇)ရက်နေ့ နံနက် (၈)နာရီက သတင်းထုတ်ပြန်သည်။

ပိုးတွေ့လူနာ (၁၄၅)ဦးတွင် ရန်ကုန်တိုင်းဒေသကြီးမှ (၉၂)ဦး၊ ရခိုင်ပြည်နယ်မှ (၃၈)ဦး၊ နေပြည်တော်မှ (၃)ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ (၂)ဦး၊ ပဲခူးတိုင်းဒေသကြီးမှ (၈)ဦး၊ မန္တလေးတိုင်းဒေသကြီးမှ (၂)ဦး တို့ ပါဝင်သည်။

မြန်မာနိုင်ငံတွင် ၂၀၂၀ခုနှစ် မတ်လ(၂၃)ရက်နေ့မှ စက်တင်ဘာလ(၇)ရက်နေ့ နံနက်(၈)နာရီအချိန်အထိ Covid-19 ကူးစက်ခံရသူ စုစုပေါင်း(၁၄၆၄)ဦးရှိပြီး သေဆုံးသူမှာ (၈)ဦးရှိလာပြီဖြစ်သည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဓါတ်ခွဲနမူနာများကို တစ်နေ့တာ၏ ဓါတ်ခွဲနမူနာ ပထမအသုတ်ကို ည(၈)နာရီတွင် ကြေညာပြီး ဒုတိယအသုတ်ကို နံနက်(၈)နာရီတွင် ကြေညာပေးလေ့ရှိသည်။
 Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~