မယ်ဆိုင်ဘက်က လာမည့် ကုန်တင်ယာဉ်မှ ယာဉ်မောင်းများ တာချီလိတ်အဝင်တွင် စောင့်ဆိုင်းရန်နှင့် ကျန်းမာရေးစစ်ဆေးခံရမည့် နေရာကို ညတွင်းချင်း တည်ဆောက်

မယ်ဆိုင်ဘက်က လာမည့် ကုန်တင်ယာဉ်မှ ယာဉ်မောင်းများ တာချီလိတ်အဝင်တွင် စောင့်ဆိုင်းရန်နှင့် ကျန်းမာရေးစစ်ဆေးခံရမည့် နေရာကို ညတွင်းချင်း တည်ဆောက်
စက်တင်ဘာ 16, 2020
By Tachileik News Agency
မယ်ဆိုင်ဘက်က လာမည့် ကုန်တင်ယာဉ်မှ ယာဉ်မောင်းများ တာချီလိတ်အဝင်တွင် စောင့်ဆိုင်းရန်နှင့် ကျန်းမာရေးစစ်ဆေးခံရမည့် နေရာကို ညတွင်းချင်း တည်ဆောက်
မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့သို့ ကုန်ပစ္စည်းလာပို့မည့် ထိုင်းနိုင်ငံမှ ယာဉ်မောင်းများကို မြန်မာယာဉ်မောင်းများ လဲလှယ်ရန်အတွက် စောင့်ဆိုင်းရန်နှင့် ကုန်တင်ယာဉ်များအား ဆေးဖြန်းမည့် ကျန်းမာရေးစစ်ဆေးရေးနေရာတစ်ခုကို မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ် (၂)တံတား တာချီလိတ်ဘက်၌ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်နေ့ ညပိုင်း၌ အပြီးသတ်ဆောက်လုပ်ထားပြီဖြစ်သည်။
 “မနက်ဖြန်ကစပြီး ထိုင်းဘက်ကလာတဲ့ယာဉ်မောင်းတွေက မြန်မာဘက်ရောက်ရင် မောင်းခွင့်မရှိတဲ့အတွက် သူတို့က အဲဒီနေရာကနေ စောင့်ရမယ်။ သူတို့ဘက်သွားတဲ့ ကျွန်တော်တို့ ယာဉ်မောင်းတွေကလည်း မယ်ဆိုင်အဝင်ဂိတ်မှာ စောင့်ရမယ်။ ဒီဘက်က မော်တော်ယာဉ် (၁၆၈)စီး ဝင်ခွင့်ပေးတယ်ဆိုပြီး သူတို့ပေးလာတဲ့စာရင်းမှာ မြန်မာနံပါတ်ပြားနဲ့ယာဉ်က (၆)စီးပဲပါတယ်။ တာချီလိတ်ဘက်က အဲဒီ (၆)စီးပဲ ကုန်ပစ္စည်းသယ်မယ်။ ခေါက်ပြန်သွားလို့ရတယ်။ အဲဒီယာဉ်တွေရဲ့ ပိုင်ရှင်တွေကိုလည်း အသိပေးထားပြီးပြီ။ ထိုင်းဘက်ကတော့ သူတို့ဘက်က အရင်ဝင်လာတဲ့ (၆)စီးပဲ အဲဒီနေ့အတွက် လက်ခံမယ်။”ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
COVID 19 ကာလအတွင်း တာချီလိတ် - မယ်ဆိုင် ကုန်စည်သယ်ယူပို့ဆောင်ရေးအတွက် ခွင့်ပြုထားသည့် မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၂)မှ မြန်မာမော်တော်ယာဉ်များ ဝင်ရောက်မှုကို မယ်ဆိုင်ဘက်က စက်တင်ဘာလ (၁၇) ရက်နေ့မှစတင် ကန့်သတ်ရန် ထုတ်ပြန်ထားသဖြင့် တာချီလိတ်ဘက်ဝင်မည့် ထိုင်းမော်တော်ယာဉ်များအား ပြန်လည်ကန့်သတ်လိုက်ခြင်းဖြစ်သည်။
စက်တင်ဘာလ (၁၇)ရက်နေ့မှစ၍ တာချီလိတ်နှင့် မယ်ဆိုင်မှ မော်တော်ယာဉ်မောင်းများသည် နှစ်နိုင်ငံ နယ်စပ်တံတားထိပ်၌ ယာဉ်မောင်းပြောင်းလဲမောင်းနှင်ပြီး ကုန်ချပြီးပြန်လာမည့် မော်တော်ယာဉ်အား သတ်မှတ်နေရာများမှ စောင့်ဆိုင်းကြရမည်ဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - မြို့နယ်ထွေအုပ်
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~