မိုင်းတုံမြို့တွင် အတည်ပြုလူနာနှင့် ထိတွေ့မိသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦး Covid-19 ကူးစက်ခံရ

မိုင်းတုံမြို့တွင် အတည်ပြုလူနာနှင့် ထိတွေ့မိသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦး Covid-19 ကူးစက်ခံရ
အောက်တိုဘာ 15, 2020
By Tachileik News Agency
မိုင်းတုံမြို့တွင် အတည်ပြုလူနာနှင့် ထိတွေ့မိသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦး Covid-19 ကူးစက်ခံရ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့တွင် Coivd-19 ဓါတ်ခွဲနမူနာ ယူသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးသည် အရသာ မရတော့သည့် အတွက် အောက်တိုဘာလ(၁၄)ရက်နေ့ ညတွင် RDT test kit ဖြင့် စစ်ဆေးလိုက်ရာမှ Covid-19 ပိုးတွေ့ရှိရကြောင်း သိရသည်။
"သူက Swab ယူတဲ့ ကျန်းမာရေးဝန်ထမ်း၊ သူ့ကိုတော့ ကျွန်တော်တို့ ကျိုင်းတုံဆေးရုံကြီးကို ရွှေ့မှာပါ "ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ အတည်ပြုလူနာ ကျန်းမာရေးဝန်ထမ်း(အမျိုးသား)သည် အတည်ပြုလူနာနှင့် တိုက်ရိုက်ထိတွေ့ခဲ့သူ ဖြစ်သည့်အတွက် ၎င်းအား Quarantine ထားရှိပြီး (၃)ရက်မြောက်နေ့တွင် အရသာ မရတော့သည့်အတွက်ကြောင့်  RDT test kit ဖြင့် စစ်လိုက်ရာမှ Covid-19 ပိုးတွေ့ရှိရခြင်း ဖြစ်ကြောင်းသိရသည်။
လက်ရှိတွင် မိုင်းဆတ်ခရိုင်အတွင်း ဖြစ်သည့် မိုင်းဆတ်မြို့တွင် Covid-19 အတည်ပြုလူနာ (၁)ဦး နှင့် မိုင်းတုံမြို့တွင် ယခု တစ်ယောက်အပါအဝင် (၂)ဦးရှိ၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် အတည်ပြုလူနာ (၃)ဦးရှိနေသည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~