တာချီလိတ်တွင် စက်တင်ဘာလ(၃)ရက်နေ့က ညမထွက်ရ အမိန့်ချိုးဖောက်သူ (၁)ဦးကို ထောင်ဒဏ်(၂)လ ချမှတ်ထားပြီး ဒေသန္တရအမိန့်ချိုးဖေါက်သည့် KTV နှင့် Bar ဆိုင်ရှင် (၂) ဦးကို ဖမ်းဆီးအရေးယူထား

တာချီလိတ်တွင် စက်တင်ဘာလ(၃)ရက်နေ့က ညမထွက်ရ အမိန့်ချိုးဖောက်သူ (၁)ဦးကို ထောင်ဒဏ်(၂)လ ချမှတ်ထားပြီး ဒေသန္တရအမိန့်ချိုးဖေါက်သည့် KTV နှင့် Bar ဆိုင်ရှင် (၂) ဦးကို ဖမ်းဆီးအရေးယူထား
စက်တင်ဘာ 4, 2020
By Tachileik News Agency
တာချီလိတ်တွင် စက်တင်ဘာလ(၃)ရက်နေ့က ညမထွက်ရ အမိန့်ချိုးဖောက်သူ (၁)ဦးကို ထောင်ဒဏ်(၂)လ ချမှတ်ထားပြီး  ဒေသန္တရအမိန့်ချိုးဖေါက်သည့် KTV နှင့် Bar ဆိုင်ရှင် (၂) ဦးကို ဖမ်းဆီးအရေးယူထား
မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၃) ရက်နေ့ညပိုင်းက ညမထွက်ရအမိန့် ချိုးဖေါက်သူ (၁) ဦးနှင့် ဒေသန္တရအမိန့်ချိုးဖေါက်သည့် ဆိုင်ရှင် (၂) ဦးကို ဖမ်းဆီးအရေးယူထားရကြောင်း သိရသည်။
“ညမထွက်ရ (၁)ဦးကိုတော့ ဒီနေ့ပဲ တရားရုံးက ပြစ်ဒဏ်ချလိုက်ပြီ။ ထောင်ဒဏ် (၂)လ ချတယ်။ KTV နဲ့ Bar က ဆိုင်ရှင်တွေကိုတော့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေနဲ့ အမှုဖွင့်ထားတယ်။ နောက်နေ့တွေလည်း အဖွဲ့ခွဲပြီး စစ်ဆေးမှုတွေ ဆက်လုပ်နေမှာပါ”ဟု တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ညီညီဌေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ ပူးပေါင်းပါဝင်သည့်အဖွဲ့ဖြင့် စက်တင်ဘာလ (၃)ရက်နေ့ည (၁၂)နာရီက လှည့်လည်စစ်ဆေးသည့်အဖွဲ့က မယ်ခေါင်ရပ်ကွက်၊ တံတား (၂)မီးပွိုင့်လမ်းဆုံရှိ Chill Cool Ice Bar နှင့် 
နှင့် ရန်အောင်မြေ၊ ပါလျံမီးပွိုင့်အနီးရှိ  Happy Night  KTV ဆိုင်တစ်ခုတို့ ဖွင့်လှစ်နေသည်ကို တွေ့ရသဖြင့် ဆိုင်ပိုင်ရှင် (၂)ဦးကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဥပဒေဖြင့် အရေးယူထားပြီး ညမထွက်ရအမိန့် ချိုးဖေါက်သူအား ပုဒ်မ (၁၈၈)ဖြင့် ထောင်ဒဏ် (၂)လ ချမှတ်ထားကြောင်း သိရသည်။
COVID 19 ထိန်းချုပ်ရေးအတွက် လူစုလူဝေးဖြစ်စေသည့် KTV၊ Bar၊ Night Club များ ဖွင့်ခွင့်ပြုထားခြင်းမရှိသည့်အတွက် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့တွင် ညမထွက်ရအမိန့်ထုတ်ပြန်ထားသည့်အချိန်အတွင်း လှည့်လည်စစ်ဆေးခြင်းကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ ရပ်ကျေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးဌာန၊ မီးသတ်တပ်ဖွဲ့အပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူများပါဝင်သည့်အဖွဲ့များဖြင့် ညစဉ်လှည့်လည်စစ်ဆေးခြင်းကို စက်တင်ဘာလ (၂) ရက်နေ့က စတင်လုပ်ဆောင်နေခြင်းဖြစ်သည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~