တာချီလိတ် - မိုင်းဆတ်သွားလမ်းပေါ် တာချီလိတ်မြို့အဝင်ရှိ လွယ်တော်ခမ်းနှင့်ဟွေရဲဂိတ်တို့တွင် ကျန်းမာရေးစစ်ဆေးမှုများ စတင်

တာချီလိတ် - မိုင်းဆတ်သွားလမ်းပေါ် တာချီလိတ်မြို့အဝင်ရှိ လွယ်တော်ခမ်းနှင့်ဟွေရဲဂိတ်တို့တွင် ကျန်းမာရေးစစ်ဆေးမှုများ စတင်
အောက်တိုဘာ 13, 2020
By Tachileik News Agency
တာချီလိတ် - မိုင်းဆတ်သွားလမ်းပေါ် တာချီလိတ်မြို့အဝင်ရှိ လွယ်တော်ခမ်းနှင့်ဟွေရဲ ဂိတ်တို့တွင် ကျန်းမာရေးစစ်ဆေးမှုများ စတင်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်အတွင်း ဖြစ်သည့် မိုင်းဆတ်မြို့နှင့် မိုင်းတုံမြို့များတွင် COVID-19 ရောဂါပိုးရှိသူ (၁) ဦးစီ အောက်တိုဘာလ(၁၂)ရက်နေ့က တွေ့ရှိခဲ့ရသဖြင့် မိုင်းဆတ်ခရိုင်အတွင်းမှ လာသူများကို စစ်ဆေးနိုင်ရန် တာချီလိတ်မြို့ရှိ  လွယ်တော်ခမ်းစုပေါင်းဂိတ် နှင့် ဟွေရဲပူးပေါင်းစစ်ဆေးရေးဂိတ်တို့တွင် ကျန်းမာရေးစစ်ဆေးမှုများကို ၂၀၂၀ ခုနှစ် အောက်တိုဘာ (၁၃) ရက်နေ့ကစ၍  စတင်ဆောင်ရွက်နေသည်။
“လဝကရယ်၊ Custom ရယ်၊ တပ်ရယ် တာဝန်ပေးထားတယ်။ ဟွေရဲနဲ့ လွယ်တော်ခမ်းဘက်မှာ။ ကိုယ်အပူချိန်တိုင်းမယ်။ ခရီးသွားရာဇဝင် ကောက်မယ်။ လက်ရှိတော့ ဒီလောက်ပဲ လုပ်ပေးနိုင်သေးတယ်”ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်မြို့အဝင်ဖြစ်သည့် မယ်ယန်းကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ကုန်တင်ယာဉ်မောင်းများကို Test Kid ဖြင့် COVID-19 ရောဂါပိုး ရှိ၊ မရှိကို စစ်ဆေးနေပြီး ကိုယ်ပိုင်မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များဖြင့် လာရောက်သူများကို သက်ဆိုင်ရာ ရပ်ကွက်ထောက်ခံစာတောင်းခံခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းနှင့်ခရီးသွားရာဇဝင်တောင်းခံခြင်းများဆောင်ရွက်နေပြီး လွယ်တော်ခမ်းစုပေါင်း ဂိတ် နှင့် ဟွေရဲစစ်ဆေးရေးဂိတ်များတွင် ယနေ့မှစတင်ဆောင်ရွက်နေခြင်းဖြစ်သည်။
၂၀၂၀ ခုနှစ် အောက်တိုဘာလ (၁၂) ရက်နေ့တွင် တောင်ကြီး - မိုင်းတုံ လမ်းကြောင်းမှ ကုန်ပစ္စည်းတင်ဆောင်လာသည့် မော်တော်ယာဉ်မောင်းကို မိုင်းတုံမြို့အဝင်တွင် RTD ဖြင့် စစ်ဆေးရာတွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့ရပြီးနောက် မိုင်းဆတ်မြို့မှ ၎င်းနှင့်ထိတွေ့ခဲ့သူ (၈) ဦးကို စစ်ဆေးရာတွင် COVID-19 ပိုးတွေ့ရှိသူ (၁) ဦးတွေ့ရှိခဲ့ရခြင်း ဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~