တာချီလိတ်ခရိုင် နဲ့ ချင်းရိုင်းခရိုင် မယ်ဆိုင်မှာ အလွတ်သဘောတွေ့

တာချီလိတ်ခရိုင် နဲ့ ချင်းရိုင်းခရိုင် မယ်ဆိုင်မှာ အလွတ်သဘောတွေ့
မတ် 19, 2020
By Tachileik News Agency

တာချီလိတ်ခရိုင် နဲ့ ချင်းရိုင်းခရိုင် မယ်ဆိုင်မှာ အလွတ်သဘောတွေ့

မြန်မာ-ထိုင်း နယ်စပ်ဒေသဖြစ်တဲ့ တာချီလိတ်မြို့နဲ့ မယ်ဆိုင်မြို့တို့မှာ နှစ်စဉ်ကြုံတွေ့နေရတဲ့ မီးခိုးမြူတွေလျော့ချနိုင်ဖို့အတွက် တာချီလိတ်ခရိုင် နဲ့ ချင်းရိုင်းခရိုင် တာဝန်ရှိသူတွေဟာ မယ်ဆိုင်မြို့က Maekhong Delta  Hotel အစည်းအဝေးခန်းမမှာ ၂၀၂၀ခုနှစ် မတ်လ(၁၉)ရက်နေ့ နံနက်ပိုင်းက အလွတ်သဘောတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဆွေးနွေးပွဲမှာ မီးခိုးမြူလျော့ချရေးအတွက် ဒေသခံပြည်သူများအနေနဲ့  တောမီးမရှိုရေးနဲ့ စိုက်ပျိုးရေးအတွက်မီးရှို့မှုတွေကို လျော့ချနိုင်ဖို့ အသိပညာပေးမှုတွေ တိုးမြင့်ဆောင်ရွက်နိုင်ဖို့နဲ့ လတ်တလောမှာထွက်ပေါ်နေတဲ့ မြန်မာ-ထိုင်းချစ်ကြည်ရေးအမှတ်(၁)တံတားပိတ်မယ်ဆိုတဲ့ ကောလဟလတွေဖြေရှင်းဖို့အတွက် ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲအပြီးမှာတော့ မီးခိုးမြူလျော့ချရေးအတွက် တာချီလိတ်မြို့တွင်းနဲ့ မယ်ဆိုင်မြို့တွင်းမှာ မီးသတ်ယာဉ်တွေနဲ့ လေထုအတွင်းရေမှုန်ရေမွှားပက်ဖြန်းမှုတွေပြုလုပ်တဲ့အခါမှာ မြန်မာဘက်က တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နဲ့ ထိုင်းနိုင်ငံဘက်က ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူး နိုင်းပရကျွန်ပလတ်စကွန်  တို့ ပါဝင်တဲ့ နှစ်နိုင်ငံ တာဝန်ရှိသူများက ကြည့်ရှုခဲ့ကြပါတယ်

Tachileik News Agency
တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~