စက်တင်ဘာလ(၂၆)ရက်နေ့တွင် Covid-19 အတည်ပြုလူနာ (၈၈၀)ထပ်တိုးသည့် အပြင် သေဆုံးသူ (၂၄)ဦးထပ်တိုး

စက်တင်ဘာလ(၂၆)ရက်နေ့တွင် Covid-19 အတည်ပြုလူနာ (၈၈၀)ထပ်တိုးသည့် အပြင် သေဆုံးသူ (၂၄)ဦးထပ်တိုး
စက်တင်ဘာ 26, 2020
By Tachileik News Agency
စက်တင်ဘာလ(၂၆)ရက်နေ့တွင် Covid-19 အတည်ပြုလူနာ (၈၈၀)ထပ်တိုးသည့် အပြင် သေဆုံးသူ (၂၄)ဦးထပ်တိုး
နိုင်ငံအတွင်း ၂၀၂၀ခုနှစ် စက်တင်ဘာလ(၂၆)ရက်နေ့အတွက် ဓါတ်ခွဲစစ်ဆေးချက်အရ Covid-19 အတည်ပြုလူနာ (၈၈၀)ဦး ထပ်တိုးသလို သေဆုံးသူလည်း (၂၄)ဦး ထပ်တိုးကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ စက်တင်ဘာလ(၂၆)ရက်နေ့ ည(၈)နာရီက သတင်းထုတ်ပြန်ထားရှိသည်။

အသစ်ထပ်တိုးသေဆုံးသည့် (၂၄)ဦးတွင် (၁၀)ဦးမှာ သေဆုံးသွားပြီးမှ ဓါတ်ခွဲစစ်ဆေးရာက Covid-19 တွေ့ရှိခြင်း ဖြစ်ကြောင်း ဖော်ပြထားရှိသည်။

ရှမ်းပြည်နယ်အနေဖြင့် တောင်ကြီးမြို့တွင် စစ်ဆေးထားသည့် ဓါတ်ခွဲနမူနာ(၁၁၂)ခုတွင်လည်း ပိုးမတွေ့ရကြောင်း သိရသည်။

အတည်ပြုလူနာ (၈၈၀)ဦး ထပ်တိုးသည့်အတွက် အတည်ပြုလူနာ စုစုပေါင်း (၉,၉၉၁)ဦး ရှိနေပြီး သေဆုံးသူမှာ စုစုပေါင်း (၁၉၈)ဦးရှိသွားပြီး ဆေးရုံအသီးသီးတွင် ဆေးဝါးကုသမှု ခံယူနေသူ စုစုပေါင်း (၇,၁၁၂)ဦး ကျန်ရှိနေကြောင်း သိရသည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~