ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့တွင် ရခိုင်က ပြန်လာသူ အပါအဝင် ဓါတ်ခွဲအဖြေစောင့်သူ (၁၅)ဦးရှိ

ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့တွင် ရခိုင်က ပြန်လာသူ အပါအဝင် ဓါတ်ခွဲအဖြေစောင့်သူ (၁၅)ဦးရှိ
စက်တင်ဘာ 1, 2020
By Tachileik News Agency
ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့တွင် ရခိုင်က ပြန်လာသူ အပါအဝင် ဓါတ်ခွဲအဖြေစောင့်သူ (၁၅)ဦးရှိ
ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့တွင် ရခိုင်ပြည်နယ်မှ ပြန်လာသူ (၂)ဦးအပါအဝင် အသွားအလာ ကန့်သတ်ထားကာ ဓာတ်ခွဲအဖြေစောင့်ဆိုင်းနေသူ စုစုပေါင်း ( ၁၅ )ဦးရှိကြောင်း သိရသည်။
“ရခိုင်က ပြန်လာသူ (၂)ဦးနဲ့ သူတို့နေခဲ့တဲ့ စာသင်ကျောင်းဝန်းထဲမှာရှိတဲ့သူ အကုန်လုံး စုစုပေါင်း (၁၄)ဦးကို တို့ဖတ် နမူနာတွေယူထားပြီး ဓါတ်ခွဲအဖြေစောင့်ယူထားပါတယ်၊ အဖြေကတော့အခုနေ့လည်ထိ မသိရသေးပါဘူး၊ ဆေးရုံက Isolation Ward မှာက စောင့်ကြည့်ထားသူ (၂)ဦးပဲရှိပါတယ်၊ မြို့ထဲမှာကတော့ Quarantine ထားတဲ့နေရာ မရှိတော့ပါဘူး” ဟု ကျောက်မဲခရိုင်ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မိုးထွန်း က တာချီလိတ်သတင်းအေဂျင်စီ သို့ စက်တင်ဘာ (၁)ရက် နေ့လည်ပိုင်းတွင် ပြောသည်။
၂၀၂၀ ခုနှစ်၊ ဩဂုတ်လ(၃)ရက်နေ့က ရခိုင်ပြည်နယ်မှ ပြန်လာသူ သားအမိ (၂)ဦးတို့နေထိုင်ခဲ့သည့် အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ကျောင်းဝန်းအတွင်းနေထိုင်ခဲ့ကြသည့် ကျောင်းစောင့် မိသားစု၊ ဆရာ/ဆရာမ အချို့အပါအဝင် အသက် ( ၁၅ )နှစ်မှ အသက် ( ၈၉ )နှစ်အထိ အမျိုးသမီး၊ အမျိုးသား စုစုပေါင်း ( ၁၄ )ဦးကို ဩဂုတ်လ ( ၃၁ )ရက်က နှာခေါင်းနှင့် အာခေါင်တို့ဖတ် နမူနာများ ရယူကာ ဓါတ်ခွဲအဖြေရယူရန် ပို့ဆောင်ထားပြီးဖြစ်ကာ အဆိုပါ စာသင်ကျောင်းကိုလဲ လက်တလော၌ အသွားအလာ ကန့်သတ်ထားကြောင်း သိရသည်။
ကျောက်မဲတွင် ကျန်းမာရေးဝန်ထမ်း (၃)ဦးစီ ပါဝင်သည့် Swab Team အဖွဲ့ ( ၅ )ဖွဲ့ကို ခရိုင်ပြည်သူ့ကျန်းမာရေး နှင့် ကုသရေးဌာနက ပြင်ဆင်ပေးထားပြီး Swab ယူဆောင်ထားခံရသူများ၏ ဓါတ်ခွဲအဖြေ မထွက်မခြင်း Swab ရယူပေးခဲ့သည့် အဖွဲ့ကိုလည်း Quarantine သဘောမျိုးဖြင့် သီးသန့်ထားရှိသည့် စနစ်ကို ကျင့်သုံးနေသည်ဟု သိရသည်။
ဩဂုတ် ( ၃၁ )ရက် ညပိုင်းက တစ်နိုင်ငံလုံးတွင် ကိုဗစ်သံသယရှိလူနာ ( ၉၅ )ဦးတိုးခဲ့သည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကြေညာချက်ထွက်ပေါ်ပြီးသည့်နောက် ကျောက်မဲမြို့၌ Covid-19 ရောဂါပိုးသံသယရှိသူ ( ၃ )ဦး ရှိသည်ဆိုသော သတင်းအမှားလည်း လူမှုကွန်ရက်၌ ပျံ့နှံ့ခဲ့ကြောင်း သိရသည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~