တာချီလိတ်နှင့်ကျိုင်းတုံမှ ဓါတ်ခွဲစစ်ဆေးထားသူ အားလုံးတွင် ဧပြီလ(၂၆)ရက်နေ့၏ အဖြေအရ covid-19 ပိုးမတွေ့

တာချီလိတ်နှင့်ကျိုင်းတုံမှ ဓါတ်ခွဲစစ်ဆေးထားသူ အားလုံးတွင် ဧပြီလ(၂၆)ရက်နေ့၏ အဖြေအရ covid-19 ပိုးမတွေ့
ဧပြီ 26, 2020
By Tachileik News Agency
တာချီလိတ်နှင့်ကျိုင်းတုံမှ ဓါတ်ခွဲစစ်ဆေးထားသူ အားလုံးတွင် ဧပြီလ(၂၆)ရက်နေ့၏ အဖြေအရ covid-19 ပိုးမတွေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ် နှင့် ကျိုင်းတုံတို့မှ   ဓါတ်ခွဲ စစ်ဆေးထားသူ (၅၂)ဦးလုံးတွင် COVID 19 ပိုးမတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၆)ရက်နေ့ နံနက်ပိုင်းက ဓါတ်ခွဲအဖြေရထားပြီဖြစ်သည်။

“ရှမ်းပြည်နယ်အရှေ့ပိုင်းက All Negative ပါ”ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်ရှိ အတည်ပြုလူနာဖြစ်သည့် (Case 112)နှင့် အနီးကပ်ထိတွေ့သည့် ကျန်းမာရေးဝန်ထမ်းများအပါအဝင်  တာချီလိတ်နှင့် ကျိုင်းတုံမှ အသွားအလာကန့်သတ်၍ ဓါတ်ခွဲစစ်ဆေးထားသူများ အပါအဝင် ကျိုင်းတုံပြည်သူ့ဆေးရုံ၌ ဓါတ်ခွဲအဖြေ စောင့်နေစဉ် သေဆုံးသွားသည့် စောင့်ကြည့်လူနာ (၁)ဦးတို့၌ COVID 19 ပိုးမတွေ့ရကြောင်း ဓါတ်ခွဲအဖြေရထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ဧပြီလ (၂၅)ရက်နေ့၌ စစ်ကိုင်းနှင့် ရန်ကုန်မှ အတည်ပြုလူနာ (၂)ဦးထပ်တွေ့သဖြင့် အတည်ပြုလူနာ စုစုပေါင်း (၁၄၆)ဦးရှိနေပြီဖြစ်ပြီး ရှမ်းပြည်နယ်တွင် (၇)ဦးရှိနေခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~