နိုင်ငံအတွင်း အတည်ပြုလူနာ (၁၁၁၁)ဦးမြောက် အဖြစ် စက်တင်ဘာလ(၃)ရက်နေ့ ညပိုင်းတွင် (၅၃)ဦး ထပ်တိုး

နိုင်ငံအတွင်း အတည်ပြုလူနာ (၁၁၁၁)ဦးမြောက် အဖြစ် စက်တင်ဘာလ(၃)ရက်နေ့ ညပိုင်းတွင် (၅၃)ဦး ထပ်တိုး
စက်တင်ဘာ 3, 2020
By Tachileik News Agency
နိုင်ငံအတွင်း အတည်ပြုလူနာ (၁၁၁၁)ဦးမြောက် အဖြစ် စက်တင်ဘာလ(၃)ရက်နေ့ ညပိုင်းတွင် (၅၃)ဦး ထပ်တိုး
ရခိုင်၊ ရန်ကုန်၊ မန္တလေးနှင့် မွန်ပြည်နယ်တို့တွင် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၃) ရက်နေ့ ညပိုင်း၌ အတည်ပြုလူနာ (၅၃)ဦး ထပ်တိုးတွေ့ရသဖြင့် အတည်ပြုလူနာ စုစုပေါင်း (၁,၁၁၁) ဦးရှိသွားပြီဖြစ်သည်။
စက်တင်ဘာလ (၃)ရက်နေ့တွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL)၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး)၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်)တို့တွင် ဒေသအသီးသီးမှ ပေးပို့သည့် ဓာတ်ခွဲနမူနာများနှင့် ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် (၁၀၀၀)၊ ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်၊ ပြည်သူ့ဆေးရုံကြီး၊ မြောင်းမြမြို့နှင့်  ပြည်သူ့ဆေးရုံကြီး၊ ပြင်ဦးလွင်တို့တွင် သက်ဆိုင်ရာဒေသများမှ ဓာတ်ခွဲနမူနာများ စုစုပေါင်း ဓာတ်ခွဲနမူနာ (၁,၁၂၇)ခု အား စစ်ဆေးခဲ့ရာမှ အတည်ပြုလူနာ (၅၃)ဦး ထပ်တိုးတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအပြင် စက်တင်ဘာလ (၂)ရက်နေ့ နေ့လယ် (၁၂)နာရီမှ စက်တင်ဘာလ (၃)ရက်နေ့ နေ့လယ် (၁၂)နာရီအထိ (၂၄)နာရီအတွင်း စောင့်ကြည့်လူနာအသစ် (၈၂) ဦးတွေ့ရကြောင်း သိရသည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~