တာချီလိတ်ဆေးရုံတွင် COVID-19 စောင့်ကြည့်လူနာအတွက် သီးသန့်အဖြစ် ကုတင်(၅)လုံးစာသာရှိသေးသည့်အတွက် ထပ်တိုးလုပ်ဆောင်ရန် စီစဉ်နေ

တာချီလိတ်ဆေးရုံတွင် COVID-19 စောင့်ကြည့်လူနာအတွက် သီးသန့်အဖြစ် ကုတင်(၅)လုံးစာသာရှိသေးသည့်အတွက် ထပ်တိုးလုပ်ဆောင်ရန် စီစဉ်နေ
မတ် 22, 2020
By Tachileik News Agency
တာချီလိတ်ဆေးရုံတွင် COVID-19 စောင့်ကြည့်လူနာအတွက် သီးသန့်အဖြစ် ကုတင်(၅)လုံးစာသာရှိသေးသည့်အတွက် ထပ်တိုးလုပ်ဆောင်ရန် စီစဉ်နေ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်တွင် ကိုရိုနာဗိုင်းရပ်စ်(COVID-19)စောင့်ကြည့် ကုသရေးအတွက် သီးသန့်ကုသခန်းများကို ထပ်တိုးလုပ်ဆောင်ရန် ပြင်ဆင်နေကြောင်း သိရသည်။

ကျွန်တော်တို့ ဆေးရုံဝင်းအတွင်းက ပြင်ထိန်းအဆောက်အဦက ကုတင် (၁၀)လုံးလောက်ဆံ့မယ်။ နောက် အရင်ခွဲခန်း အဟောင်းကို ပြန်မွမ်းမံပြင်ဆင်လိုက်ရင် ကုတင် (၂၀)လောက်ရမယ်။ အခုကတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ်ပဲ ဒီအဆောက်အဦတွေကို ပြုပြင်မွမ်းမံပြင်ဆင်ဖို့ တွက်ချက်တာတွေ လုပ်နေတော့ ဘတ် (၃)သိန်းလောက်ကျမယ်။ ဒါတွေက သီးသန့်ခန်းတွေ လုပ်ရမယ်ဆိုတော့ ရေချိုးခန်း၊ အိမ်သာနဲ့ နောက်ဆေးပြန်သုတ်တာ၊ အပေါက်ဖောက်ရတာတို့ ပြင်ဆင်ရမှာ။ နောက်ဒီအခန်းတွေမှာ ထားမယ့် စက်ကိရိယာပစ္စည်းတွေ ဘာတွေတော့ လိုလာမှာပေါ့။ လက်ရှိမှာတော့ တစ်ချို့လိုအပ်တာတွေ လှူမယ့် အလှူရှင်တစ်ချို့တော့ ရှိလာပါပြီ

ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ မတ်လ(၂၂)ရက်နေ့တွင် ပြောသည်။

လက်ရှိ  တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီး၌ ကိုရိုနာဗိုင်းရပ်စ် သီးသန့်စောင့်ကြည့်ကုသခန်းတွင် နေရာအနေအထားအရ ကုတင် (၅)လုံးအတွက်သာ ရှိသေးသည့်အတွက်  ထပ်မံတိုးချဲ့ရန် ပြင်ဆင်နေခြင်းဖြစ်ပြီး ဝိုင်းဝန်းပံ့ပိုးမည့် စေတနာရှင်များ၏ အကူအညီလည်း လိုအပ်နေကြောင်း သိရသည်။

ပုံအညွှန်း - တာချီလိတ်ခရိုင်ဆေးရုံကြီး COVID-19 စောင့်ကြည့်သံသယလူနာအခန်း

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~