လွိုင်ကော် ရွှေတောင် ပရိယတ္တိစာသင်တိုက်မှ သံဃာတော် ၈ ပါး COVID-19 ကူးစက်ခံရ

လွိုင်ကော် ရွှေတောင် ပရိယတ္တိစာသင်တိုက်မှ သံဃာတော် ၈ ပါး COVID-19 ကူးစက်ခံရ
သြဂုတ် 11, 2021 | Covid-19| ကယား

ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြို့ရှိ ရွှေတောင် ပရိယတ္တိစာသင်တိုက်မှ သံဃာတော်များအား ၂၀၂၁ ခုနှစ် ဩဂုတ်လ (၁၁) ရက်နေ့တွင် COVID-19 စစ်ဆေးရာ သံဃာတော် (၈)ပါး၌ ပိုးတွေ့ရကြောင်း သိရသည်။

ကျောင်းတွင် သီတင်းသုံးနေသော သံဃာတော်များမှ အချို့မှာ ဖျားနာခြင်း၊ အနံ့ပျောက်ခြင်းများဖြစ်နေကြောင်း ကျောင်း ထိုင်ဆရာတော်ကြီးက ကျန်းမာရေးဌာနသို့ မိန့်ကြားလာသဖြင့် ကျောင်းတိုက်ရှိ သံဃာတော်စုစုပေါင်း (၁၄)ပါးအား စစ်ဆေးပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပိုးတွေ့ရှိသူ သံဃာတော်များကို ကျောင်းတိုက်အတွင်း သီးသန့်ထားရှိထားကြောင်း သိရသည်။