အောက်တိုဘာလ(၂၁)ရက်နေ့တွင် နိုင်ငံအတွင်း အတည်ပြုလူနာ (၁,၁၉၄)ဦး နှင့် သေဆုံးသူ (၂၇)ဦး ထပ်တိုး

အောက်တိုဘာလ(၂၁)ရက်နေ့တွင် နိုင်ငံအတွင်း အတည်ပြုလူနာ (၁,၁၉၄)ဦး နှင့် သေဆုံးသူ (၂၇)ဦး ထပ်တိုး
အောက်တိုဘာ 21, 2020
By Tachileik News Agency
အောက်တိုဘာလ(၂၁)ရက်နေ့တွင် နိုင်ငံအတွင်း အတည်ပြုလူနာ (၁,၁၉၄)ဦး နှင့် သေဆုံးသူ (၂၇)ဦး ထပ်တိုး
နိုင်ငံအတွင်း၌ Rapid Antigen Diagnostic Test Kit ဖြင့် Covid-19 စစ်ဆေးခြင်း အပါအဝင် ဓါတ်ခွဲဌာနများ၏ စစ်ဆေးချက်များ အရ အောက်တိုဘာလ(၂၁)ရက်နေ့တွင် Covid-19 အတည်ပြုလူနာ (၁,၁၉၄)ဦး ထပ်တိုးပြီး သေဆုံးသူ (၂၇)ဦးထပ်တိုးကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားရှိသည်။

အောက်တိုဘာလ(၂၁)ရက်နေ့တွင် အတည်ပြုလူနာ (၁,၁၉၄)ဦး ထပ်တိုးသည့်အတွက် အတည်ပြုလူနာ စုစုပေါင်း(၃၉,၆၉၆)အထိရှိနေပြီး ထိုအထဲမှ သေဆုံးသွားသူမှာ စုစုပေါင်း (၉၂၇)ဦးအထိ ရှိနေသည်။

အသစ်ထပ်တိုးသည့် သေဆုံးသူ (၂၇)ဦးတွင် ရောဂါအခံရှိသူ (၂၀)ဦး ပါဝင်သည်။

အတည်ပြုလူနာများထဲက သက်သာပျောက်ကင်း၍ ဆေးရုံဆင်းသူမှာ အောက်တိုဘာလ(၂၁)ရက်နေ့တွင် (၇၁၈)ဦးရှိလာရာ လက်ရှိတွင် ဆေးရုံမှ ဆင်းခွင့်ရသွားကြသူ စုစုပေါင်း (၁၈,၈၆၅)ဦးရှိသည့်အတွက် လက်ရှိတွင် ဒေသအသီးသီး၌ ကုသမှုခံယူနေသူ စုစုပေါင်း (၁၉,၈၅၉)ဦးရှိ နေသေးကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း၌ ၂၀၂၀ခုနှစ် မတ်လ(၂၃)ရက်နေ့က စ၍ အောက်တိုဘာလ(၂၁)ရက်နေ့အထိ ဓါတ်ခွဲနမူနာပေါင်း (၅၅၂,၄၄၈)ခုကို စစ်ဆေးခဲ့ရာ အတည်ပြုလူနာ စုစုပေါင်း (၃၉,၆၉၆)ဦးအထိ စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ 
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~