ညောင်ရွှေမြို့တွင် COVID-19 အတည်ပြုလူနာ  (၆) ထပ်မံတွေ့၍ အတည်ပြုလူနာ (၁၁) ဦးအထိ တိုးလာ

ညောင်ရွှေမြို့တွင် COVID-19 အတည်ပြုလူနာ  (၆) ထပ်မံတွေ့၍ အတည်ပြုလူနာ (၁၁) ဦးအထိ တိုးလာ
ဇူလိုင် 1, 2021 | Covid-19| ရှမ်းတောင်

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်အတွင်း ညောင်ရွှေမြို့တွင် Covid-19 အတည်ပြုလူနာနှင့် ထိတွေ့သူများအား ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့တွင် စစ်ဆေးရာ ပိုးတွေ့လူနာသစ် (၆)ဦး ထပ်မံတွေ့ရှိ၍ အတည်ပြူလူနာ (၁၁)ဦးအထိရှိလာပြီဖြစ်ကြောင်း သိရသည်။ 

ယမန်နေ့က Covid-19 အတည်ပြုလူနာ၏ မိသားစုဝင်များနှင့် သံသယရှိသူ စုစုပေါင်း (၁၅) ဦးကို ညောင်ရွှေပြည်သူ့ဆေးရုံတွင် RDT Test Kit ဖြင့် စစ်ဆေးရာ  (၆)ဦးတွင်  Covid -19 ပိုးတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ပိုးတွေ့ရှိသူများထဲတွင် ဇွန်လ (၃၀) ရက်နေ့က Covid-19 ပိုးတွေ့ရသဖြင့် ဆေးကုသမှုပေးရန် လုပ်ဆောင်နေစဉ် သေဆုံးသွားသည့်  အသက် (၄၅)နှစ်အရွယ် လူနာအမျိုးသား၏ ဇနီးဖြစ်သူ အသက်(၄၅) နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ ရွာကန့်လန့်ကျေးရွာမှ အသက်(၅၀) အရွယ် အမျိုးသားတစ်ဦး၊ ကျားတွန်ကျေးရွာမှ အသက်(၂၉) နှစ်ရှိ အမျိုးသားတစ်ဦး၊ အင်းပေါခုံကျေးရွာမှ အသက်(၆၂) နှစ်ရှိ အမျိုးသားတစ်ဦး၊ အသက်(၆၀)နှစ်ရှိ အမျိုးသမီးတစ်ဦး နှင့် ဟဲယာရွာမကျေးရွာ ကလေးငယ်ရပ်မှ အသက် (၄၀) နှစ်ရှိ အမျိုးသမီးတစ်ဦးတို့ဖြစ်ကြာ​င်း သိရသည်။ 

ညောင်ရွှေမြို့တွင်  ဇွန်လ ၂၃ ရက်နေ့က အမျိုးသား (၁)ဦး ၊ ဇွန်လ ၂၈ ရက်နေ့က အမျိုးသား (၁)ဦး နှင့် ဇွန်လ ၃၀ ရက်နေ့က အမျိုးသား (၃)ဦး တို့တွင် Covid-19 ပိုးစစ်ဆေးတွေ့ရှိခဲ့ပြီး ဇွန်လ ၃၀ ရက်နေ့၌ ပိုးတွေ့ရှိသူ များမှ အသက်( ၅၁)နှစ်အရွယ် အမျိုးသားမှာ ဆေးကုသမှုခံယူရန်လုပ်ဆောင်နေစဥ် သေဆုံးသွားခဲ့ပြီး ယနေ့ ဇူလိုင်လ ၁ ရက်နေ့တွင် အတည်ပြု လူနာ (၆)ဦး ထပ်မံတွေ့ရှိခဲ့ရခြင်းဖြစ်သည်။ 

Covid-19 ပိုးတွေ့ရှိသူ အတည်ပြုလူနာများအား ညောင်ရွှေမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ကုသပေးနေကြောင်း သိရသည်။