ရခိုင်ပြည်နယ်သို့ သွားရောက်ကူညီလိုသည့် တာချီလိတ်မှ စေတနာ့ဝန်ထမ်းများ စာရင်းပေးသွင်းနိုင်

ရခိုင်ပြည်နယ်သို့ သွားရောက်ကူညီလိုသည့် တာချီလိတ်မှ စေတနာ့ဝန်ထမ်းများ စာရင်းပေးသွင်းနိုင်
သြဂုတ် 25, 2020
By Tachileik News Agency
 
ရခိုင်ပြည်နယ်သို့ သွားရောက်ကူညီလိုသည့် တာချီလိတ်မှ စေတနာ့ဝန်ထမ်းများ စာရင်းပေးသွင်းနိုင်
ရခိုင်ပြည်နယ်တွင် လတ်တလောဖြစ်ပွားနေသည့် COVID 19 ရောဂါထိန်းချုပ်ရေး  လုပ်ငန်းများတွင် စေတနာ့ဝန်ထမ်းအဖြစ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်းမှ သွားရောက်လိုသူများရှိပါက ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၂၅)ရက်နေ့ နောက်ဆုံးသတ်မှတ်ထားသော်လည်း ရက်တိုးလက်ခံပေးမည်ဟု ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။
"ကျွန်မတို့ Volunteer အသိအမှတ်ပြုကတ်တွေ ထုတ်ပေးထားတဲ့သူတွေ၊ Volunteer ဆင့်ပွားသင်တန်းတက်ထားတဲ့သူတွေ လျှောက်လို့ရပါတယ်။ မိမိဆန္ဒအလျောက် တာဝန်ထမ်းဆောင်ချင်တယ်ဆိုရင် စာရင်းပေးလို့ရတာပေါ့"ဟု တာချီလိတ်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စောနှင်းဦးကတာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရခိုင်ပြည်နယ်၏ COVID-19 ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ တုန့်ပြန်ရေးလုပ်ငန်းစဉ်များတွင်  စေတနာ့ဝန်ထမ်းတာဝန်ထမ်းဆောင်လိုသူများအနေဖြင့် (၁) လတာ တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး စားသောက်ရေး၊ နေထိုင်ရေး၊ သွားလာရေး၊ ကျန်းမာရေးကိစ္စရပ်များကို နိုင်ငံတော်က တာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်သည်။
ရခိုင်ပြည်နယ်အတွက် စေတနာ့ဝန်ထမ်းများကို ဒေသအသီးသီးမှ ခေါ်ယူထားခြင်းဖြစ်ပြီး တာချီလိတ်ခရိုင်အတွင်းမှ  လျှောက်ထားလိုသူများအနေဖြင့် ဖုန်း- ၀၈၄ ၅၂၂၁၁၊ ၀၉ ၄၂၀၀၅၁၉၈၂ သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~