တာချီလိတ်မြို့တွင် quararntine ထားသည့် လမ်းလုပ်သား တစ်ဦးတွင် Covid-19 ပိုးတွေ့ 

တာချီလိတ်မြို့တွင် quararntine ထားသည့် လမ်းလုပ်သား တစ်ဦးတွင် Covid-19 ပိုးတွေ့ 
ဇန်နဝါရီ 29, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် လမ်းလုပ်ငန်းဆောင်ရွက်ရန် ဧရာဝတီတိုင်းဒေသကြီးမှလာ၍ quararntine ထားသူများမှ အမျိုးသား (၁) ဦးတွင် COVID 19 ပိုးတွေ့ရကြောင်း ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၉) ရက်နေ့၌ ဓာတ်ခွဲအဖြေရသည်။

လမ်းလုပ်ငန်းဆောင်ရွက်မည့် (၄၃) ဦးအဖွဲ့အား အသွားအလာကန့်သတ်၍ ဇန်နဝါရီလ (၁၈) ရက်နေ့တွင် RDT ဖြင့် စစ်ဆေးပြီး ဇန်နဝါရီလ (၂၇) ရက်နေ့၌ ဓာတ်ခွဲနမူနာ တောင်ကြီးပို့၍ PCR ဖြင့် စစ်ဆေးရာ (၁) ဦးတွင် COVID 19 ပိုးတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့ မိုင်းဖုန်း (က) ကျေးရွာအုပ်စု၊ ဝမ်ပုံတွင် အသွားအလာကန့်သတ်ထားခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ဇန်နဝါရီလ (၂၈) ရက်နေ့ကလည်း မန္တလေးမြို့မှ လေကြောင်းခရီးဖြင့်လာ၍ ဟိုတယ် quararntine ထားသည့် အမျိုးသား (၁) ဦးနှင့် အမျိုးသမီး (၁) ဦးတို့တွင် COVID 19 ပိုးတွေ့ရသဖြင့် ကိုဗစ်ကုသဆောင်တွင် အတည်ပြုလူနာ (၃)ဦး ရှိလာပြီဖြစ်သည်။

တာချီလိတ်မြို့တွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၉) ရက်နေ့အထိ အတည်ပြုလူနာ (၁၁၃)ဦးတွေ့ရသည့်အနက် အတည်ပြုလူနာ (၃) ဦးသာ ကုသမှုခံယူရန်ရှိမည်ဖြစ်ပြီး ကျန်လူနာအားလုံး ဆေးရုံဆင်းသွားနိုင်ပြီဖြစ်သည်။

Tachileik News Agency

 

ချယ်ရီထိုက် (အင်မိုင်ခ)သည် Tachileik News Agency ၏ စီမံခန့်ခွဲမှုအယ်ဒီတာချုပ်ဖြစ်သည်။