မဟာဓာတ်အားလိုင်းစတင်ရောက်ရှိသည့် အထိမ်းအမှတ် ဖွင့်ပွဲ တက်ရောက်ရန် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ကျိုင်းတုံသို့ ရောက်ရှိ

မဟာဓာတ်အားလိုင်းစတင်ရောက်ရှိသည့် အထိမ်းအမှတ် ဖွင့်ပွဲ တက်ရောက်ရန် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ကျိုင်းတုံသို့ ရောက်ရှိ
သြဂုတ် 7, 2020
By Tachileik News Agency
 မဟာဓာတ်အားလိုင်းစတင်ရောက်ရှိသည့် အထိမ်းအမှတ် ဖွင့်ပွဲ တက်ရောက်ရန် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ကျိုင်းတုံသို့ ရောက်ရှိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)သို့ မဟာဓာတ်အားလိုင်းစတင်ရောက်ရှိသည့် အထိမ်းအမှတ်ဖွင့်ပွဲအတွက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ပါဝင်သည့်အဖွဲ့သည် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၇) ရက်နေ့၌ ကျိုင်းတုံမြို့သို့ ရောက်ရှိနေသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးအုန်းဝင်း၊ ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ တာဝန်ရှိသူ များနှင့် တပ်မတော်အထူးလေယာဉ်ဖြင့် နေပြည်တော်မှ ကျိုင်းတုံသို့ လာရောက်ခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။

ကျိုင်းတုံရောက်နေသည့် နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များသည် ကျိုင်းတုံမြို့ ဓမ္မောဒယပရိယတ္တိ စာသင်တိုက်တွင် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊ ကျိုင်းတုံမြို့ရှိ ရှေးဟောင်းမြို့ရိုးတံခါးဖြစ်သည့် ပါလျန်တံခါး၊ နောင်တုံကန် ရေသွင်းခြင်းလုပ်ငန်း၊ ကန်သာယာလှပရေးလုပ်ငန်း၊ ကန်ပတ်လမ်း အဆင့်မြှင့်တင် ဆောင်ရွက်ထားမှုနှင့် ကျိုင်းတုံမြို့ ဒေသဖွံ့ဖြိုးမှုအခြေအနေအား မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုခြင်းများ လုပ်ဆောင်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ဓမ္မောဒယ စာသင်တိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~