တာချီလိတ်မြို့တွင်း လမ်းလယ်မျဉ်များရေးဆွဲရာတွင် ဘတ်ဂျက်လျာထားချက်၌ မပါဝင်သည့် လမ်း (၄) လမ်းနှင့် မျဉ်းကျား (၂) ခုကို ထည့်သွင်းဆောင်ရွက်

တာချီလိတ်မြို့တွင်း လမ်းလယ်မျဉ်များရေးဆွဲရာတွင် ဘတ်ဂျက်လျာထားချက်၌ မပါဝင်သည့် လမ်း (၄) လမ်းနှင့် မျဉ်းကျား (၂) ခုကို ထည့်သွင်းဆောင်ရွက်
ဖေဖော်ဝါရီ 8, 2020
By Tachileik News Agency

တာချီလိတ်မြို့တွင်း လမ်းလယ်မျဉ်များရေးဆွဲရာတွင် ဘတ်ဂျက်လျာထားချက်၌ မပါဝင်သည့် လမ်း (၄) လမ်းနှင့် မျဉ်းကျား (၂) ခုကို  ထည့်သွင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ရန်ပုံငွေဖြင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး တစ်လျှောက် လမ်းလယ်မျဉ်းများရေးဆွဲရာတွင် ဘတ်ဂျက်လျာထားချက်တွင် မပါဝင်သည့် လမ်း (၄) လမ်းနှင့် မျဉ်းကျား (၂) ခုထည့်သွင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

"ဒီနှစ်ဘတ်ဂျက်က ဗိုလ်ချုပ်လမ်းအတွက်ပဲ ပါတာ။ အခြားလမ်းတွေ မပါဘူး။ ချစ်ကြည်ရေးတံတား(၂) လမ်းကို မပါပေမဲ့ ထည့်ဆွဲပေးလိုက်တယ်။ ပုံလို့လမ်းမှာ မျဉ်းဖြတ်လေးတွေထည့်ဆွဲပေးတယ်။ ချစ်ကြည်ရေးအမှတ်(၁)တံတားမှာလည်း ဆွဲပေးမယ်။ ကျောက်တိုင်ဘေးကနေ တာလော့ဈေးအဝင်လမ်းမှာလည်း ဆွဲပေးတယ်။ လူကူးမျဉ်းကျားတွေက အထကတာချီလိတ်ကျောင်းရှေ့မှာ တစ်ခု၊ ဆန်ဆိုင်းကျောင်းရှေ့မှာ တစ်ခု ပိုဆွဲပေးထားတယ်"ဟု တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ခံအင်ဂျင်နီယာ ဦးကျော်မိုးခိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

တာချီလိတ်မြို့ စည်ပင်သာယာရေးဌာန အနေဖြင့် တာချီလိတ်မြို့တွင်း လမ်းအသုံးပြုသူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် လမ်းလယ်မျဉ်းများ၊ လူကူးမျဉ်းကျားများကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၂၉) ရက်နေ့မှစတင်ရေးဆွဲနေပြီး ရေးဆွဲရန် လိုအပ်နေသည့်လမ်းများအတွက် နောင်လာမည့် ဘဏ္ဍာရေးနှစ်များတွင် ထည့်သွင်းတောင်းခံရန်စီစဉ်ထားကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~