ကျောက်မဲမြို့တွင် Covid-19 အတည်ပြုလူနာ အမျိုးသမီးတစ်ဦး ဆေးရုံမှ ဆင်းခွင့်ရ၍ ဆေးရုံဆင်းရန် (၂)ဦးသာကျန်

ကျောက်မဲမြို့တွင် Covid-19 အတည်ပြုလူနာ အမျိုးသမီးတစ်ဦး ဆေးရုံမှ ဆင်းခွင့်ရ၍ ဆေးရုံဆင်းရန် (၂)ဦးသာကျန်
ဒီဇင်ဘာ 20, 2020
By Tachileik News Agency
ကျောက်မဲမြို့တွင် Covid-19 အတည်ပြုလူနာ အမျိုးသမီးတစ်ဦး ဆေးရုံမှ ဆင်းခွင့်ရ၍ ဆေးရုံဆင်းရန် (၂)ဦးသာကျန်
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် ကုသမှုခံယူနေသည့် COVID 19 အတည်ပြုလူနာ (၁)ဦး ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်နေ့၌ ဆေးရုံဆင်းခွင့်ရပြီဖြစ်သော်လည်း အခြားဒေသမှဖြစ်၍ အထက (၃) quarantine center ၌ နောက်ထပ် (၇) ရက် အသွားအလာကန့်သတ်နေထိုင်ရမည်ဖြစ်သည်။
အဆိုပါ အမျိုးသမီးသည် မန္တလေးမြို့မှပြန်လာပြီး ကျောက်မဲတွင် အသွားအလာကန့်သတ်ထားစဉ် ဒီဇင်ဘာလ (၉) ရက်နေ့က COVID 19 ပိုးတွေ့ရကြောင်း ဓာတ်ခွဲအဖြေရထားခြင်းဖြစ်သည်။
အဆိုပါအမျိုးသမီးအား  အသွားအလာကန့်သတ်ထားစဉ်က  Quarantine Center တွင် ထိတွေ့သူ (၁၀)ဦးအား အသွားအလာကန့်သတ်၍စစ်ဆေးရာ ပိုးတွေ့သူမရှိကြောင်း သိရသည်။
ကျောက်မဲတွင် ဒီဇင်ဘာလ (၂၀) ရက်နေ့ နေ့လယ်ပိုင်းအထိ COVID 19 အတည်ပြုလူနာ (၁၆) ဦးရှိခဲ့သည့်အနက် (၁၄) ဦးမှာ ဆေးရုံဆင်းခွင့်ရပြီဖြစ်၍  ကျောက်မဲခရိုင်ပြည်သူ့ဆေးရုံတွင် အသက် (၆၁) နှစ်အရွယ်နှင့် အသက် (၄၃) နှစ်အရွယ် အတည်ပြုလူနာအမျိုးသမီး (၂) ဦး ကျန်ရှိသည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~