ရခိုင်ပြည်နယ်တွင် ပြည်တွင်းကူးစက်မှုအဖြစ် တွေ့နေရသည့် COVID 19 ဗိုင်းရပ်စ်၏ မျိုးဗီဇပြောင်းလဲမှုကို စစ်ဆေးမည်

ရခိုင်ပြည်နယ်တွင် ပြည်တွင်းကူးစက်မှုအဖြစ် တွေ့နေရသည့် COVID 19 ဗိုင်းရပ်စ်၏ မျိုးဗီဇပြောင်းလဲမှုကို စစ်ဆေးမည်
သြဂုတ် 22, 2020
By Tachileik News Agency
ရခိုင်ပြည်နယ်တွင် ပြည်တွင်းကူးစက်မှုအဖြစ် တွေ့နေရသည့် COVID 19 ဗိုင်းရပ်စ်၏ မျိုးဗီဇပြောင်းလဲမှုကို စစ်ဆေးမည်
ရခိုင်ပြည်နယ်တွင် စစ်တွေမြို့နယ်၌ ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁၆) ရက်နေ့မှ စတင်တွေ့ရသည့် COVID 19 ဗိုင်းရပ်စ်မှာ မျိုးဗီဇပြောင်းလဲနေသည့် ဗိုင်းရပ်စ်ဖြစ်နိုင်၍ ဆေးသုတေသနဦးစီးဌာနက  စစ်ဆေးသွားမည်ဟု သြဂုတ်လ (၂၂)ရက်နေ့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
“မျိုးရိုးဗီဇပြောင်းတယ်ဆိုတာက အခု ကိုရိုနာဗိုင်းရပ်စ်ကိုက အခုမှ စတွေ့တဲ့ ဗိုင်းရပ်စ်ပိုးအသစ်ကိုး။ သူ့ရဲ့ သဘော သဘာဝကို လူသားတွေက အကုန်လုံး မသိကြသေးဘူးလေ။ ဗိုင်းရပ်စ်ပိုးရဲ့ ထုံးစံအတိုင်း သူ့ရဲ့မျိုးရိုးဗီဇက ပြောင်းနိုင်တယ်။ မျိုးရိုးဗီဇပြောင်းတယ်ဆိုရင် သူ့ရဲ့ကူးစက်နှုန်း မြန်ဆန်လာတာမျိုး၊ ရောဂါပြင်းထန်လာတာမျိုးတို့ နောက် ရောဂါ ပျော့ပြောင်းသွားတာမျိုးတို့ အမျိုးမျိုးဖြစ်နိုင်တာပေါ့နော်။ အခုပြောင်းတဲ့ မျိုးရိုးဗီဇကတော့ ကူးစက်မှုနှုန်းက အရင်ကထက်စာရင်တော့ မြင့်တယ်လို့ အခုရသလောက် သတင်းအချက်အလက်တွေအရ သိရတာပေါ့နော်။ ဒီလို မျိုးရိုးဗီဇပြောင်းပြီးတော့   ကူးစက်မှုနှုန်းမြန်သွားနိုင်တယ်ဆိုတဲ့အတွက်ကတော့ ကျွန်တော်တို့ အရင်တုန်းက လုပ်နေတဲ့ ခပ်ခွာခွာနေတာ၊ လက်ဆေးရတာ၊ Mask တပ်တာ၊ လူစုလူဝေးရှောင်တာကို အလေးအနက်ထား လုပ်ဖို့လိုတာပေါ့။ မလိုအပ်ရင်အပြင်မထွက်ဘူး။ မိမိအိမ်မှာပဲနေမယ်ဆိုတာကို ဖိဖိစီးစီး လုပ်သင့်တာပေါ့။ ဒါကို အားလုံးကိုယ်စီ ကိုယ်စီ အလေးထားလိုက်နာဖို့ လိုတာပေါ့။”ဟု ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ရှမ်းပြည်နယ်အရှေ့ပိုင်း ဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် သြဂုတ်လ (၁၆)ရက်နေ့က ပြည်တွင်းကူးစက်မှုအဖြစ် COVID 19 ကူးစက်ခံရသူ (၁)ဦးအား တွေ့ရပြီးနောက် သြဂုတ်လ (၁၉)ရက်နေ့တွင် ပြည်တွင်းကူးစက်မှု (၃)ဦး၊ သြဂုတ်လ (၂၀) ရက်နေ့တွင် ပြည်တွင်းကူးစက်မှု (၅)ဦး၊ သြဂုတ်လ (၂၁)ရက်နေ့တွင် ပြည်တွင်းကူးစက်မှု (၂၀)ဦးနှင့် သြဂုတ်လ (၂၂)ရက်နေ့၌ ပြည်တွင်းကူးစက်မှု (၂၂)ဦး စုစုပေါင်း ပြည်တွင်းကူးစက်မှု (၅၁) ဦးအနက် (၄၈)ဦးမှာ စစ်တွေမြို့မှဖြစ်ပြီး (၃)ဦးမှာ မြောက်ဦးမြို့မှဖြစ်ကြောင်း သိရသည်။
တစ်ပတ်တာကာလအတွင်း လူပေါင်း (၅၁)ဦးအထိ ကူးစက်မှုကိုတွေ့ရသဖြင့် ကိုရိုနာဗိုင်းရပ်စ်၏ မျိုးရိုးဗီဇပြောင်းလဲမှုအား စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။
၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၂၂)ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID 19 အတည်ပြုလူနာ စုစုပေါင်း (၄၄၁)ဦး ရှိနေခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~