တာချီလိတ်မြို့နယ်အတွင်း ရွှေ့ပြောင်းနှင့် ကျူးကျော်နေထိုင်သူများ ဆန္ဒမဲပေးနိုင်ရေးအတွက် စာရင်းကောက်ယူသွားမည်

တာချီလိတ်မြို့နယ်အတွင်း ရွှေ့ပြောင်းနှင့် ကျူးကျော်နေထိုင်သူများ ဆန္ဒမဲပေးနိုင်ရေးအတွက် စာရင်းကောက်ယူသွားမည်
သြဂုတ် 18, 2020
By Tachileik News Agency
တာချီလိတ်မြို့နယ်အတွင်း ရွှေ့ပြောင်းနှင့် ကျူးကျော်နေထိုင်သူများ ဆန္ဒမဲပေးနိုင်ရေးအတွက် စာရင်းကောက်ယူသွားမည်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်းရှိ ရွှေ့ပြောင်းအလုပ်သမားများနှင့် ကျူးကျော်နေထိုင်သူများ ၂၀၂၀ ရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းတွင် ကျန်ရှိနေခြင်းမဖြစ်စေရန် ကွင်းဆင်းစာရင်း ကောက်ယူခြင်းကို ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁၉) ရက်နေ့မှစ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
"တာချီလိတ်မှာက ကျူးတွေလည်းရှိတယ်။ ရွှေ့ပြောင်းလုပ်သားတွေရှိတယ်။ အိမ်ခန်းငှားတွေရှိတယ်။ တစ်ဖက်နိုင်ငံမှာ အမျိုးတွေရှိလို့ သွားနေနေတဲ့ သူတွေက COVID ဖြစ်လို့ တံတားပိတ်ထားတဲ့အတွက် ပြန်လာလို့မရသေးတဲ့သူတွေ ဒီလိုကိစ္စရပ်တွေရှိတာပေါ့။ ဒီလိုပုဂ္ဂိုလ်တွေကို မဲစာရင်းမှာပါဝင်နိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ကျူးတွေကလည်း နိုင်ငံသားဖြစ်တယ်။ ကော်မရှင်ကထုတ်ပြန်ထားတဲ့ မဲပေးပိုင်ခွင့်ရှိတဲ့ လူပုဂ္ဂိုလ်ထဲမှာ အကြုံးဝင်တဲ့သူဆိုရင် ထည့်သွင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်မြို့နယ်အတွင်းရှိ ပုန်းထွန်ရပ်ကွက်၊ လွယ်တော်ခမ်းရပ်ကွက်၊ ဆန်ဆိုင်း(က)ရပ်ကွက်နှင့်  ဆန်ဆိုင်း(ခ)ရပ်ကွက်များအတွင်း ကျူးကျော်နေထိုင်သူများရှိနေသဖြင့် မဲဆန္ဒရှင်စာရင်းပါဝင်နိုင်ရန် စာရင်းကောက်ယူသွားမည် ဖြစ်သည့်အပြင် ထိုင်းနိုင်ငံမှ အကြောင်းအမျိုးမျိူးကြောင့် ဖမ်းဆီးခံရပြီး သတ်မှတ်ပြစ်ဒဏ်စေ့၍ တာချီလိတ်သို့ ပြန်လည်လွှဲပြောင်းပေးအပ်လာသူများစာရင်းကိုလည်း ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ရပ်ကွက်၊ ကျေးရွာများတွင် အမှန်တကယ်နေထိုင်သူများစာရင်းကို အခြေခံသည့် ၂၀၂၀ ရွေးကောက်ပွဲ ပထမအကြိမ် မဲဆန္ဒရှင်စာရင်းကို ထုတ်ပြန်ပြီးနောက် ကျန်ရှိသူများ မရှိစေရေးအတွက် ထပ်မံစာရင်းကောက်ယူခြင်းကို လုပ်ဆောင်ရန် စီစဉ်နေခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~