ကျိုင်းတုံလူငယ်များက We Want Democracy စာတမ်းကို သုဿန်တွင် ပုံဖော်

ကျိုင်းတုံလူငယ်များက We Want Democracy စာတမ်းကို သုဿန်တွင် ပုံဖော်
ဖေဖော်ဝါရီ 19, 2021 | နိုင်ငံရေး| ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နေ လူငယ်များက We Want Democracy စာတမ်းကို တရုတ်သုဿန်တွင် ယနေ့ ဖေဖော်ဝါရီလ(၁၉)ရက်နေ့ နံနက်ပိုင်းက ပုံဖော်ထားရှိသည်။

လူငယ်များက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း  လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် ခြိမ်းခြောက်ခံနေရသည့်အတွက် စာတမ်းပုံဖော်မှုကိုလည်း မြို့ထဲတွင် မရ၍ ယခုလို သုဿန်တွင် လာရောက် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

စစ်တပ်တွေ ဝိုင်းဝိုင်းလည်နေတဲ့ မြို့ဖြစ်နေတာက တစ်ကြောင်း၊ ပြည်သူအားလုံး ပူးပေါင်းပါဝင်မှု မရှိတာက တစ်ကြောင်း၊ လူငယ်တွေကို လူကြီးတွေက Support မလုပ်တာက တစ်ကြောင်း၊ နောက်ဆုံး လမ်းပေါ်ထွက်ပေးတဲ့ လူငယ်တွေက သူတို့ ထိုးကြွေးတဲ့ထဲ မပါအောင် သတိထားနေကြရတယ်

ဟု ကျိုင်းတုံမြို့နေ လူငယ်တစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လုပ်ရှားမှုများကို တာချီလိတ်မြို့ နှင့် ကျိုင်းတုံမြို့တို့က အဓိက လုပ်ဆောင်နေလျက်ရှိသည်။

Tachileik News Agency