တာချီလိတ်မြို့မှ Covid-19 အတည်ပြုလူနာ (၁)ဦး ဆေးရုံဆင်း၍ ကုသဆောင်တွင် (၂၂)ဦးကျန်

တာချီလိတ်မြို့မှ Covid-19 အတည်ပြုလူနာ (၁)ဦး ဆေးရုံဆင်း၍ ကုသဆောင်တွင် (၂၂)ဦးကျန်
ဒီဇင်ဘာ 17, 2020
By Tachileik News Agency

တာချီလိတ်မြို့မှ Covid-19 အတည်ပြုလူနာ (၁)ဦး ဆေးရုံဆင်း၍ ကုသဆောင်တွင် (၂၂)ဦးကျန်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့မှ COVID 19 အတည်ပြုလူနာ (၁) ဦး ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၇)ရက်နေ့၌ ဆေးရုံဆင်းခွင့်ရပြီဖြစ်၍ ကုသဆောင်များ၌ အတည်ပြုလူနာ (၂၂)ဦး ကျန်ရှိသည်။
ဆေးရုံဆင်းလူနာမှာ  အသက်(၃၈)နှစ်အရွယ်ရှိ အမျိုးသမီးဖြစ်ပြီး ဆန်ဆိုင်း(က)ရပ်ကွက်မှဖြစ်ရာ နေအိမ်၌ အသွားအလာ (၇) ရက် ထပ်မံကန့်သတ်နေထိုင်ရမည်ဖြစ်သည်။
တာချီလိတ်မြို့ရှိ ကုသဆောင်များမှ နိုဝင်ဘာလ (၂၂)ရက်နေ့မှ ဒီဇင်ဘာလ (၁၇)ရက်နေ့အထိ ဆေးရုံဆင်းခွင့်ရသူ (၇၈)ဦးရှိလာပြီဖြစ်၍ အတည်ပြုလူနာ (၂၂)ဦး ဆေးရုံတွင် ကျန်ရှိသည်။
 
အတည်ပြုလူနာအဖြစ် စစ်ဆေးတွေ့ရှိပါက ကုသဆောင်များတွင် (၁၁)ရက်တိတိ စောင့်ကြည့်ထားရှိပြီးနောက် ကုသရန်မလိုအပ်ပါက ဆေးရုံဆင်းခွင့်ပေးပြီး နေအိမ်တွင် ဆက်လက်၍ (၇)ရက် အသွားအလာ ကန့်သတ်နေထိုင်စေခြင်းဖြစ်သည်။
တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်နေ့မှ ဒီဇင်ဘာလ (၁၇) ရက်နေ့ ညနေပိုင်းအထိ အတည်ပြုလူနာ (၁၀၀) ဦးတွေ့ထားရခြင်းဖြစ်သည်။
Tachileik News Agency 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~