တာချီလိတ်မြို့တွင် ဆေးရုံဆင်းသူ အယောက်(၆၀)မြောက်အဖြစ် နောက်ထပ် အတည်ပြုလူနာ (၅)ဦး ဆေးရုံမှဆင်း

တာချီလိတ်မြို့တွင် ဆေးရုံဆင်းသူ အယောက်(၆၀)မြောက်အဖြစ် နောက်ထပ် အတည်ပြုလူနာ (၅)ဦး ဆေးရုံမှဆင်း
ဒီဇင်ဘာ 12, 2020
By Tachileik News Agency

တာချီလိတ်မြို့တွင် ဆေးရုံဆင်းသူ အယောက်(၆၀)မြောက်အဖြစ် နောက်ထပ် အတည်ပြုလူနာ (၅)ဦး ဆေးရုံမှဆင်း

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ COVID 19 ကုသဆောင်များမှ အတည်ပြုလူနာ (၅) ဦး ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်နေ့၌ ဆေးရုံဆင်းခွင့်ရပြီဖြစ်၍ ကုသဆောင်များ၌ နေ့လယ်ပိုင်းအထိ အတည်ပြုလူနာ (၃၆) ဦးကျန်ရှိသည်။
တာချီလိတ်မြို့နယ်အတွင်း COVID 19 ဒုတိယလှိုင်းစတင်လာသည့် နိုဝင်ဘာလ (၂၂)ရက်နေ့မှစ၍  ဒီဇင်ဘာလ (၁၁)ရက်နေ့အထိ COVID 19 အတည်ပြုလူနာ စုစုပေါင်း (၉၆) ဦးရှိခဲ့သည့်အနက် (၈၇)ဦးမှာ ဒေသတွင်းကူးစက်မှုဖြစ်သည်။
တာချီလိတ်မြို့နယ်အတွင်း နိုဝင်ဘာလ (၂၅) ရက်နေ့မှစ၍ COVID 19 ဒေသတွင်း ကူးစက်မှုအဖြစ်တွေ့လာပြီး အတည်ပြုလူနာ နေ့စဉ်နီးပါးတိုးလာပြီးနောက် ဒီဇင်ဘာလ (၁၂) ရက်နေ့တွင် တောင်ကြီးသို့ ပို့စစ်ထားသည့် ဓာတ်ခွဲနမူနာ (၁၇၀) ၏ ဓာတ်ခွဲအဖြေကိုလည်း စောင့်ဆိုင်းဆဲဖြစ်သည်။
  Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~