ကလော နှင့် အောင်ပန်းမြို့တို့တွင် COVID 19 အတည်ပြုလူနာ (၆)ဦးထပ်တိုး

Photo: အောင်ပန်း နာရေးကူညီမှုအသင်း
Photo: အောင်ပန်း နာရေးကူညီမှုအသင်း
ကလော နှင့် အောင်ပန်းမြို့တို့တွင် COVID 19 အတည်ပြုလူနာ (၆)ဦးထပ်တိုး
ဇူလိုင် 1, 2021 | Covid-19| ရှမ်းတောင်

ရှမ်းပြည်နယ် (တောင်ပိုင်း) အောင်ပန်းမြို့တွင် COVID 19 အတည်ပြုလူနာ (၄) ဦးနှင့် ကလောမြို့တွင် အတည်ပြုလူနာ (၂) ဦးတို့ကို ၂၀၂၁ ခုနှစ် ဇူလိုင်လ (၁) ရက်နေ့တွင် စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

ယနေ့ထပ်တိုးတွေ့ရသည့် အတည်ပြုလူနာများမှာ အမျိုးသမီးများဖြစ်ကြပြီး အောင်ပန်းမြို့မှ အတည်ပြုလူနာများမှာ ယမန်နေ့က COVID 19 အတည်ပြုလူနာနှင့် ထိတွေ့သူ (၁၄) ဦးကို  ကလောပြည်သူ့ဆေးရုံ၌ စစ်ဆေးရာ အတည်ပြုလူနာ (၄) ဦးကို ထပ်တိုးတွေ့ရခြင်းဖြစ်သည်ဟု သိရသည်။

အောင်ပန်းမြို့မှ အတည်ပြုလူနာများမှာ  ပြည်သာယာဈေး၊ အမှတ် (၃) ရပ်ကွက်၊ မြို့ဟောင်းရပ်ကွက်နှင့် မင်္ဂလာရပ်ကွက်တို့မှဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်းတစ်ခုလုံးတွင် ၂၀၂၁ ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့က COVID 19 အတည်ပြုလူနာ (၄၁) ဦး ထပ်တိုးခဲ့ရာ တောင်ကြီးမြို့နယ်အတွင်း (၂၄) ဦး၊ ကလောမြို့နယ်အတွင်း (၈) ဦး၊ ပင်းတယမြို့နယ်အတွင်း (၅) ဦး၊ နမ့်စန်မြို့နယ်အတွင်း (၂)ဦးနှင့် ရွာငံမြို့နယ်တွင် (၂) ဦးတွေ့ရှိခဲ့ရခြင်းဖြစ်သည်။