တာချီလိတ်မြို့နယ်အတွင်း ၂၀၂၀ ရွေးကောက်ပွဲအတွက် တာဝန်ထမ်းဆောင်ခဲ့သူများကို ဂုဏ်ပြု

တာချီလိတ်မြို့နယ်အတွင်း ၂၀၂၀ ရွေးကောက်ပွဲအတွက် တာဝန်ထမ်းဆောင်ခဲ့သူများကို ဂုဏ်ပြု
နိုဝင်ဘာ 16, 2020
By Tachileik News Agency

တာချီလိတ်မြို့နယ်အတွင်း ၂၀၂၀ ရွေးကောက်ပွဲအတွက် တာဝန်ထမ်းဆောင်ခဲ့သည့် မြို့နယ်အဆင့်များကို ဂုဏ်ပြု

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း ၂၀၂၀ ရွေးကောက်ပွဲအတွက် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဌာနအသီးသီးမှ ဝန်ထမ်းများအား မြို့နယ်စီမံခန့်ခွဲမှုကော်မတီက ၂၀၂၀ ခုနှစ် နိုဝင်ဘာလ (၁၆) ရက်နေ့တွင် ဂုဏ်ပြုချီးမြှင့်သည်။
“မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲ၊ မြို့နယ်အဆင့်ကော်မရှင်၊ ရပ်ကျေးအုပ်ချုပ်ရေးမှုး၊ ရပ်ကျေးစာရေးတွေကို ဂုဏ်ပြုပွဲလေးလုပ်ပေးတဲ့သဘောပါ”ဟု တာချီလိတ်မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရွေးကောက်ပွဲကာလအတွင်း ရွေးကောက်ပွဲကော်မရှင်နှင့်အတူ ဌာနအချို့မှ ဝန်ထမ်းများလည်း တာဝန်ထမ်းဆောင်ခဲ့ကြခြင်းဖြစ်ရာ အဆိုပါဝန်ထမ်းများအား မြို့နယ်ရွေးကောက်ပွဲလုံခြုံမှုကော်မတီ တာဝန်ရယူခဲ့သည့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီက ဂုဏ်ပြုချီးမြှင့်ပေးခဲ့ခြင်းဖြစ်သည်။
“ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးဖို့ ဌာနအတော်များများက ပူးပေါင်းတာဝန်ထမ်းဆောင်ခဲ့ကြရတာပါ။ ဒီနေ့ကတော့ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကို ရွေးကောက်ပွဲလုံခြုံမှုကော်မတီက ကျေးဇူးတင်စကားနဲ့ ဂုဏ်ပြုဆုချီးမြှင့်တာပါ။”ဟု မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးအောင်မင်းက ပြောသည်။
တာချီလိတ်ခရိုင်/မြို့နယ် စုပေါင်းရုံးရှိ မြို့နယ်အစည်းအဝေးခန်းမတွင် ကျင်းပသည့် အခမ်းအနားသို့  ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ တာချီလိတ်မြို့နယ်အတွင်းမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများလည်း တက်ရောက်ပြီး ရွေးကောက်ပွဲတာဝန်ထမ်းဆောင်ခဲ့သူများကို ဂုဏ်ပြုချီးမြှင့်သည်။
Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~