မကွေးတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း ရဲတပ်ဖွဲ့ထံ တိုင်ကြားမှု (၄၈)ခု လက်ခံရရှိ

မကွေးတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း ရဲတပ်ဖွဲ့ထံ တိုင်ကြားမှု (၄၈)ခု လက်ခံရရှိ
အောက်တိုဘာ 29, 2020
By Tachileik News Agency
မကွေးတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲ မဲဆွယ်ကာလတွင် ရဲတပ်ဖွဲ့ထံ တိုင်ကြားမှု (၄၈)ခု လက်ခံရရှိ
မကွေးတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း မဲဆွယ်စည်းရုံးရေးနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ထံတိုင်တန်းမှု စုစုပေါင်း (၄၈)မှုကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၂၈)ရက်နေ့အထိ ကာလအတွင်း လက်ခံဆောင်ရွက်ထားကြောင်း သိရသည်။
“ပခုက္ကူခရိုင်၊ မင်းဘူးခရိုင်နဲ့ မကွေးခရိုင်တွေမှာအဖြစ်များခဲ့ပြီး ကျန်တဲ့ဂန့်ဂေါတို့ သရက်တို့မှာတော့ ဖြစ်ပွားတာရှိခဲ့ပေမဲ့ နည်းပါတယ်။ ဖြစ်ပွားမှုတွေနဲ့ပတ်သက်ပြီး သေဆုံးတာ၊ စိုးရိမ်ရလောက်အောင် အထိ ထိခိုက်ဒဏ်ရာကြီးကြီးမားမားရတာမျိုးလည်း မရှိသေးပါဘူး။ ဒီနေ့အထိတော့ ထိန်းထိန်းသိမ်းသိမ်းနဲ့ ဆောင်ရွက်နိုင်ပါသေးတယ်”ဟု မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လှိုင်တင့် က အောက်တိုဘာ (၂၈) ရက်နေ့တွင် တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ယင်းကဲ့သို့တိုင်တန်းမှုများအနက် ရွေးကောက်ပွဲဆိုင်ရာဥပဒေဖြင့် အရေးယူမှု (၅)မှု၊ အခြားဥပဒေများဖြင့် အရေးယူမှု (၂၆)မှု ဖြစ်ပွားခဲ့ပြီး စေ့စပ်ညှိနှိုင်းဖြေရှင်း၍ ပြေလည်သွားသည့်အမှု (၁၇)ခု ရှိခဲ့ကြောင်း မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရုံးမှတ်တမ်းများအရ သိရသည်။
ရွေးကောက်ပွဲဆိုင်ရာဥပဒေဖြင့် အရေးယူမှုများတွင် ပါတီဂုဏ်သိက္ခာထိခိုက်စေရန် မမှန်သတင်းလွှင့်မှု (၁)မှု၊ ပါတီဆိုင်းဘုတ် ဖျက်ဆီးခံရမှု (၂)မှု၊ မဲဆွယ်စည်းရုံးရေးကို နှောက်ယှက်ဟန့်တားမှု (၂)မှုတို့ ဖြစ်ပြီး အခြားဥပဒေများဖြင့် အရေးယူခဲ့ရာတွင် ခိုက်ရန်ဖြစ်ပွားမှု (၁၇)မှု၊ မဲဆွယ်လှည့်လည်စဉ် ယာဉ်တိုက်မှု (၂)မှု၊ သွားလာမှုကိုနှောက်ယှက်ဟန့်တားမှု (၂)မှု၊ နေအိမ်သို့ ဝင်ရောက်ဖျက်ဆီးမှု (၂)မှု၊ ဆက်သွယ်ရေးဥပဒေဖြင့် အရေးယူမှု (၂)မှု၊ ပပက ၆(၁)ဖြင့် အရေးယူမှု (၁)မှု တို့ဖြစ်ကြောင်း သိရ သည်။
ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲကာလက အမှုအခင်းပေါင်း (၄၅)မှုဖြစ်ပွားခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲကာလတွင် စုစုပေါင်းလက်ခံရရှိသည့် တိုင်ကြားမှုပေါင်း (၄၈)ခုမှ (၃၁)မှုကို အရေးယူထားပြီး (၁၇)မှုကို ညှိနှိုင်းဖြေရှင်းထားခြင်းဖြစ်သည်။
Tachileik News Agency
သတင်း/ဓာတ်ပုံ-ဖီးနစ်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~