တာချီလိတ်တွင် မိုးရေနှင့်အတူ မျှောလာသည့် စည်းကမ်းမဲ့ အမှိုက်များကို စည်ပင်က ဆက်လက်ရှင်းလင်း

တာချီလိတ်တွင် မိုးရေနှင့်အတူ မျှောလာသည့် စည်းကမ်းမဲ့ အမှိုက်များကို စည်ပင်က ဆက်လက်ရှင်းလင်း
သြဂုတ် 13, 2020
By Tachileik News Agency
တာချီလိတ်တွင် မိုးရေနှင့်အတူ မျှောလာသည့် စည်းကမ်းမဲ့ အမှိုက်များကို စည်ပင်က ဆက်လက်ရှင်းလင်း

တာချီလိတ်မြို့တွင် ဩဂုတ်လ(၁၂)ရက်နေ့ ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေမြောင်းများနှင့် လမ်းမပေါ်တွင် စည်းကမ်းမဲ့ စွန့်ပစ်အမှိုက်များ ပိတ်ဆို့နေသည့်အတွက် ၂၀၂၀ခုနှစ် ဩဂုတ်လ(၁၃)ရက်နေ့ နံနက်ပိုင်းတွင် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ ဒုတိယဦးစီးမှူး ဦးဧနော် နှင့် အဖွဲ့က အမှိုက်များဆယ်ယူရှင်းလင်းမှုများကို ဆောင်ရွက်နေကြောင်း သိရသည်။

တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက် နှင့် မကာဟိုခမ်းရပ်ကွက် အကြားရှိ နမ့်ယွန်းချောင်းတွင် စည်းကမ်းမဲ့ စွန့်ပစ်အမှိုက်များကြောင့် ပိတ်ဆို့နေမှုများ ဖြစ်နေသည့် နေရာများ နှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းဘေးတွင် ရေစီးနှင့်အတူ မျှောလာသည့် စည်းကမ်းမဲ့ စွန့်ပစ်အမှိုက်များကို ရှင်းလင်းခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

မိုးရွာသည့်အခါတွင် ရေစီးနှင့်အတူ စည်းကမ်းမဲ့ အမှိုက်များ မျှောလာပြီး ရေမြောင်းဖုံးများတွင် ပိတ်ဆို့ကာ ရေများမစီးနိုင်တော့ဘဲ ရေကြီးရေလျှံမှုများ ဖြစ်လာသည့်အတွက် ဩဂုတ်လ(၁၂)ရက်နေ့ ညပိုင်းက ပြည်သူအချို့မှလည်း ညတွင်းချင်း ရှင်းလင်းမှုများကို လုပ်ဆောင်ခဲ့ရကြောင်းလည်း သိရသည်။

မိုးရွာသွန်းသည့်အခါ ရေစီးရေလာ ကောင်းမွန်ရေးအတွက် ပြည်သူများအနေဖြင့် အမှိုက်များစွန့်ပစ်သည့်အခါ အမှိုက်ပုံးတွင်သာ စွန့်ပစ်စေလိုပြီး စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းများ ဆင်ခြင်ရန် စည်ပင်သာယာရေးဌာနက အသိပေးထားရှိသည်။

Tachileik News Agency
ဓါတ်ပုံ - စည်ပင်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~