တာချီလိတ်မြို့ ရှမ်းရိုးမကွင်းဘေးရှိ မီးပွိုင့်လမ်းဆုံနေရာအား Free Way အတွက် ထပ်မံတိုးချဲ့မည်

တာချီလိတ်မြို့ ရှမ်းရိုးမကွင်းဘေးရှိ မီးပွိုင့်လမ်းဆုံနေရာအား Free Way အတွက် ထပ်မံတိုးချဲ့မည်
ဇူလိုင် 28, 2020
By Tachileik News Agency

တာချီလိတ်မြို့ ရှမ်းရိုးမကွင်းဘေးရှိ မီးပွိုင့်လမ်းဆုံနေရာအား  Free Way  အတွက် ထပ်မံတိုးချဲ့မည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့လယ် ရှမ်းရိုးမကွင်းဘေးရှိ အားကစားရုံ နှင့် မီးသတ်ရုံးသို့သွားရာ မီးပွိုင့်လမ်းဆုံကို Free Way ကြော ထပ်မံတိုးချဲ့ရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

"မီးသတ်ရုံးဘက်သွားတဲ့ Free Way ကြောက နည်းနည်းကျဉ်းနေတော့ ထပ်တိုးချဲ့ဖို့စီစဉ်တာပေါ့။ ဝန်ကြီးကိုယ်တိုင် ကွင်းဆင်းကြည့်သွားတယ်။ ပြည်နယ်အစိုးရအဖွဲ့ကို ဘတ်ဂျက်တင်ပြတောင်းခံရဦးမှာ။ ဘတ်ဂျက်ကျမှ ဆောင်ရွက်လို့ရမှာ"ဟု တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုင်းခွန်ဇော်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင်လ(၂၈)ရက်နေ့တွင် ပြောသည်။

၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ထောက်ပံ့ရန်ပုံငွေဖြင့် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီမှ Free Way များ ပြုလုပ်နေသည့် ကျိုင်းတုံလမ်းဆုံ၊ ပါလျှံမီးပွိုင့်လမ်းဆုံ နှင့် ရှမ်းရိုးမကွင်းထောင့် လမ်းဆုံ နေရာများသို့  ရှမ်းပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်နှင့် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင် နှင့် သက်ဆိုင်ရာဌာနများ အပါအဝင် မြို့မီးလင်းရေးကော်မတီတို့မှ  ၂၀၂၀ ခုနှစ် ဇူလိုင်လ (၂၈) ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - တာချီလိတ် စည်ပင်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~