သင်သိပါသလား...

သင်သိပါသလား...
သြဂုတ် 16, 2020
By Tachileik News Agency
သင်သိပါသလား...
မြန်မာနိုင်ငံအတွင်း Covid-19 ထိန်းချုပ်ရေးအတွက် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၃၁) ရက်နေ့အထိ ထပ်တိုးထားတဲ့ ကန့်သတ်ချက်တွေက  ဘာတွေလဲဆိုတာ...
🔘 အစိုးရ၊ ဌာနဆိုင်ရာများက လိုအပ်ချက်အရ ကျင်းပရသည့် ပွဲ၊ အခမ်းအနားများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် COVID 19 ကာကွယ်ရေးလမ်းညွှန်ချက်များနဲ့အညီ ကျင်းပသည်မှလွဲ၍ မည်သည့် ပွဲလမ်းသဘင်၊ အခမ်းအနားကိုမှ ကျင်းပခွင့် မပြုပါ။
🔘 ညဈေးများ၊ KTV၊ Bar၊ Club များ၊ ဘိလိယက်ခုံများ ဖွင့်ခွင့် မပြုပါ။
🔘 ပြည်ပမှ ပြန်လာသူတိုင်း (၂၁) ရက် Quarantine မဝင်ဘဲ နေထိုင်ခွင့် မပြုပါ။
🔘 အများပြည်သူဆိုင်ရာ နေရာများ (ဘုရား၊ ဝတ်ပြုဆုတောင်းရာနေရာများ၊ အပန်းဖြေနေရာများ စသဖြင့်) တွင် လူစုလူဝေးဖြင့် နေထိုင်၊ သွားလာခွင့် မပြုပါ။
🔘 အခြေခံစားသောက်ကုန်နှင့် ဆေးဝါးများ ဈေးကစား ရောင်းချခွင့်မပြုပါ။
🔘 သတင်းမှား၊ ကောလဟလဖြန့်ဝေခွင့် မပြုပါ။
🔘 ကယ်ဆယ်ရေးလေယာဉ်များမှအပ ပြည်ပလေကြောင်းခရီးစဉ်များ ပျံသန်းခွင့် မပြုပါ။
(COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏ ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁၂) ရက်နေ့ ထုတ်ပြန်ချက်)
 
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~