ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ နှင့် ဝန်ကြီးဟောင်း အချို့ နေပြည်တော်တွင် ဝင်ပြိုင်မည်

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ နှင့် ဝန်ကြီးဟောင်း အချို့ နေပြည်တော်တွင် ဝင်ပြိုင်မည်
သြဂုတ် 6, 2020
By Tachileik News Agency

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ နှင့် ဝန်ကြီးဟောင်း အချို့ နေပြည်တော်တွင် ဝင်ပြိုင်မည်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဌဖြစ်သူ ဦးသန်းဌေး နှင့်  ဝန်ကြီးဟောင်း တစ်စုသည်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ် နေပြည်တော်ကောင်စီနယ်မြေတွင် ဝင်ရောက်ရွေးချယ်ခံရန်အတွက် ၂၀၂၀ခုနှစ် ဩဂုတ်လ(၅)ရက်နေ့က အမည်စာရင်းတင်သွင်းလိုက်ကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဌ ဖြစ်သူ ဦးသန်းဌေးသည် ဇေယျာသီရိမြို့နယ်တွင် လည်းကောင်း၊ ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးဝင်းရှိန်က ဥတ္တရသီရိမြို့နယ်တွင် လည်းကောင်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဟောင်း ဦးမြင့်လှိုင်က ဒက္ခိဏသီရိမြို့နယ်တွင် လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဟောင်း ဖြစ်သူ ဦးဝေလွင်က ပုဗ္ဗသီရိမြို့နယ်တွင် လည်းကောင်း၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဖြစ်သူ ဦးဝဏ္ဏမောင်လွင်က ဇမ္ဗူသီရိမြို့နယ်တွင် လည်းကောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ် ၂၀၂၀ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အမည်စာရင်းတင်သွင်းလိုက်ခြင်း ဖြစ်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဌဖြစ်သူ ဦးသန်းဌေးမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့်  ဇေယျာသီရိမြို့နယ်တွင် တိုင်းရင်းဆေးပညာဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်(အငြိမ်းစား)ဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဒေါက်တာမိုးဆွေ နှင့်  ညီညွတ်သောဒီမိုကရက်တစ်ပါတီမှ ဦးမိုးဝင်းတို့ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ပြည်ထောင်စုနယ်မြေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ(နေပြည်တော်)၏ ၂၀၂၀ခုနှစ် ဩဂုတ်လ(၅)ရက်နေ့အထိ စာရင်းအရ သိရသည်။

နေပြည်တော်တွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်နေရာ စုစုပေါင်း (၈)ခု နှင့် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (၂)ခု ရှိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊  အမျိုးသားညီညွှတ်သောဒီမိုကရက်တစ်ပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊ ဖလုံ - စဝေါ်ဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ညီညွှတ်သောဒီမိုကရက်တစ်ပါတီအပြင် တစ်သီးပုဂ္ဂလတို့မှလည်း ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် အမည်စာရင်းများ ပေးသွင်းထားကြကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~