ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ပြည်တွင်းကူးစက်မှု Covid-19 အတည်ပြုလူနာ (၁၈)ဦးအထိရှိလာ၍ MNA ၏ စစ်တွေ - အမ်း - မကွေး လေကြောင်းခရီးစဉ်များ ယာယီရပ်နား

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ပြည်တွင်းကူးစက်မှု Covid-19 အတည်ပြုလူနာ (၁၈)ဦးအထိရှိလာ၍ MNA ၏ စစ်တွေ - အမ်း - မကွေး လေကြောင်းခရီးစဉ်များ ယာယီရပ်နား
သြဂုတ် 21, 2020
By Tachileik News Agency
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ပြည်တွင်းကူးစက်မှု Covid-19 အတည်ပြုလူနာ (၁၈)ဦးအထိရှိလာ၍ MNA ၏ စစ်တွေ - အမ်း - မကွေး လေကြောင်းခရီးစဉ်များ ယာယီရပ်နား
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်တွင် ပြည်တွင်းကူးစက် COVID-19 အတည်ပြုလူနာများ တွေ့ရှိနေရ သဖြင့် စစ်တွေ - အမ်း - မကွေး လေယာဉ်ခရီးစဉ်များ သြဂုတ်လ(၂၁)ရက်နေ့ကစ၍ ယာယီရပ်နားလိုက်ပြီး ရန်ကုန်-ညောင်ဦး - မကွေး - ရန်ကုန် ခရီးစဉ်အဖြစ် ပြောင်းလဲပျံသန်း ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)၏  မကွေးဌာနေကိုယ်စားလှယ်ရုံးမှ သိရသည်။
“မနေ့က (၂၀)ရက်နေ့ ညနေပိုင်းမှာ MNA ရုံးချုပ်က ဒီနေ့ သောကြာနေ့ကစပြီးတော့ မကွေး - စစ်တွေ - အမ်း ခရီးစဉ်ကို (၂)ပတ်လောက် ယာယီရပ်ဆိုင်းထားဖို့ ညွှန်ကြားချက်ပေးလာပါတယ်။ ရန်ကုန် - မကွေး ခရီးစဉ်ကိုတော့ မပိတ်ပါဘူး။ ဒီနေ့ကနေစပြီးတော့ ရန်ကုန် - ညောင်ဦး - မကွေး - ရန်ကုန် ခရီးစဉ်အဖြစ် ညောင်ဦးဘက်ကနေ လမ်းကြောင်းပြောင်းလဲပျံသန်းပေးသွားမှာပါ” ဟု မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)၏  မကွေးဌာနေကိုယ်စားလှယ်ရုံးမှ ဦးစံထွေး က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မကွေးမြို့၏ လေကြောင်းခရီးစဉ်များအား COVID-19 ကာလ ပျံသန်းမှုများ ရပ်နားထားခဲ့ရပြီး ပြန်လည်ပျံသန်းပြေးဆွဲခွင့် ရခဲ့သည်မှာ (၁)လခွဲခန့်ရှိပြီဖြစ်ကြောင်း သိရပြီး  ယင်း (၁)လခွဲအတွင်း မကွေး - အမ်း - စစ်တွေ ခရီးစဉ် တစ်ကြောင်းလျှင် အကြမ်းဖျင်း ခရီးသည် (၂၀)ခန့် တက်၍ မကွေး - ရန်ကုန်ခရီးစဉ်တွင် (၁၅)ဦးခန့် ခရီးသည်ရရှိကြောင်း သိရသည်။
စစ်တွေမြို့နယ်တွင် ပြည်ပခရီးသွားလာခြင်းမရှိ၊ အတည်ပြုလူနာနှင့် ထိတွေ့ခြင်းမရှိသည့် COVID 19 အတည်ပြုလူနာ (၁)ဦးကို သြဂုတ်လ (၁၆)ရက်နေ့က စတင်တွေ့ရပြီးနောက်  သြဂုတ်လ (၂၀)ရက်နေ့ည(၈)နာရီ အထိတွင်   အတည်ပြုလူနာ (၉)ဦးအထိ တိုးလာသဖြင့် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၂၀) ရက် နေ့ ည(၈)နာရီမှစ၍ ပြည်သူများ မိမိနေအိမ်တွင်သာ နေထိုင်ရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက အမိန့်ထုတ်ပြန်ခဲ့ပြီး နောက်တစ်နေ့ သြဂုတ်လ(၂၁)ရက် နံနက်ပိုင်းတွင် အတည်ပြုလူနာ (၁၀)ဦးထပ်မံတိုးလာခြင်းဖြစ်၍ ရခိုင်ပြည်နယ် စစ်တွေမြို့တွင်  ပြည်တွင်းကူးစက်မှု Covid-19 အတည်ပြုလူနာ (၁၈)ဦး နှင့် မြောက်ဦးမြို့တွင် (၁)ဦး စုစုပေါင်း (၁၉)ဦးရှိနေပြီဖြစ်သည်။
Tachileik News Agency
သတင်း/ဓာတ်ပုံ-ဖီးနစ်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~