COVID 19 တတိယလှိုင်းဖြစ်နေသည့် ထိုင်းနိုင်ငံတွင် တစ်နေ့အတွင်း အတည်ပြုလူနာသစ် (၂,၄၃၈)ဦးထပ်တိုးပြီး  (၁၁)ဦးသေဆုံး

COVID 19 တတိယလှိုင်းဖြစ်နေသည့် ထိုင်းနိုင်ငံတွင် တစ်နေ့အတွင်း အတည်ပြုလူနာသစ် (၂,၄၃၈)ဦးထပ်တိုးပြီး  (၁၁)ဦးသေဆုံး

 COVID 19 တတိယလှိုင်းဖြစ်နေသည့် ထိုင်းနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဧပြီလ (၂၅) ရက်နေ့က ကိုယ်ဝန်ဆောင်တစ်ဦးအပါအဝင် (၁၁) ဦးမှာ COVID 19 ကြောင့် သေဆုံးသွားရပြီး အတည်ပြုလူနာသစ် (၂၄၃၈) ဦးထပ်တိုးလာသည်။

ထပ်တိုးလာသည့် အတည်ပြုလူနာများအနက် (၅) ဦးမှာ ပြည်တွင်းကူးစက်သူများဖြစ်ကြပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အတည်ပြုလူနာစုစုပေါင်း (၅၅,၄၆၀)ဦးရှိလာပြီဖြစ်သည်။

ထိုင်းနိုင်ငံတွင် (၂၄)နာရီအတွင်း အတည်ပြုလူနာတွေ့ရှိနှုန်းမှာ တတိယလှိုင်းအတွင်း ဒုတိယလှိုင်းကထက် ပိုများလာခြင်းဖြစ်သည်။



လတ်တလောတွင် ထိုင်းနိုင်ငံအတွင်း ဘန်ကောက်က အတည်ပြုလူနာအများဆုံး တွေ့နေရပြီး ချင်းမိုင်က ဒုတိယအများဆုံးဖြစ်နေသည်။



ထိုင်းနိုင်ငံ၏ COVID 19 တတိယလှိုင်းမှာ ဧပြီလအစောပိုင်းကာလအတွင်း ဖျော်ဖြေရေးနေရာများမှ စတင်ပျံ့နှံ့မှုဖြစ်ပြီး အဆိုပါနေရာများနှင့်ဆက်စပ်၍ ရက်ပေါင်း (၂၅) ရက်အတွင်း အတည်ပြုလူနာ (၂၆,၅၉၇) ဦးစစ်ဆေးတွေ့ရခြင်းဖြစ်သည်။



ယခင် ပထမလှိုင်းနှင့် ဒုတိယလှိုင်းအတွင်း သေဆုံးရသူ စုစုပေါင်းမှာ (၃၄)ဦးသာရှိသော်လည်း တတိယလှိုင်းအတွင်း သေဆုံးရသူ (၄၆) ဦးရှိနေပြီဖြစ်သည်။



#TachileikNewsAgency

source: Bangkok Post