မဲဆန္ဒရှင်စာရင်းများ ပြန်လည်စိစစ်နိုင်ရေးအတွက် တစ်အိမ်တက် တစ်အိမ်ဆင်း စနစ်ဖြင့် ဆောင်ရွက်သွားမည်

မဲဆန္ဒရှင်စာရင်းများ ပြန်လည်စိစစ်နိုင်ရေးအတွက် တစ်အိမ်တက် တစ်အိမ်ဆင်း စနစ်ဖြင့် ဆောင်ရွက်သွားမည်
သြဂုတ် 18, 2020
By Tachileik News Agency

 မဲဆန္ဒရှင်စာရင်းများ  ပြန်လည်စိစစ်နိုင်ရေးအတွက် တစ်အိမ်တက် တစ်အိမ်ဆင်း စနစ်ဖြင့် ဆောင်ရွက်သွားမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း မဲဆန္ဒရှင်များစာရင်းတွင် ကျန်ရှိသူများ မရှိစေရေးအတွက် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁၉) ရက်နေ့မှစတင်ပြီး ရပ်ကွက်များအလိုက် ကွင်းဆင်း ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
"မနက်ဖြန်ကစပြီးတော့ တာချီလိတ်မြို့နယ်အတွင်းမှာ မဲဆန္ဒရှင်တွေရဲ့ မဲစာရင်းတွေနဲ့ပတ်သက်ပြီး ပြန်လည်စိစစ်တဲ့ လုပ်ငန်းပေါ့။ ရပ်ကွက် ကျေးရွာအုပ်စု (၃၁) အုပ်စုလုံးမှာ အဖွဲ့တွေဖွဲ့ထားပြီးဖြစ်ပါတယ်။ ဒီအဖွဲ့တွေက တစ်အိမ်တက် တစ်အိမ်ဆင်း မဲစာရင်းတွေကို တိုက်ဆိုင်စစ်ဆေးသွားမှာဖြစ်ပါတယ်"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မဲစာရင်းများ ပြန်လည်စိစစ်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ မြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့ (၁၀) ဖွဲ့ဖြင့် အိမ်တိုင်ယာရောက် လိုက်လံစစ်ဆေးမှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
"ပထမအကြိမ်ကပ်ထားတဲ့ မဲစာရင်းတွေပေါ်မှာ အားနည်းချက်တွေကြည့်ပြီးတော့ မဲစာရင်းမှားတာတွေ၊ မဲစာရင်းမှာကျန်ခဲ့တာတွေရှိပါတယ်။ ဒီကိစ္စတွေပေါ်မှာ မဲစာရင်းစိစစ်ရေးကော်မတီဖွဲ့ပြီးတော့ လုပ်ဆောင်သွားမှာပါ။ မဲပေးဖို့တာဝန်က လူတိုင်း လူတိုင်းဆီမှာရှိပါတယ်။ အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ လူတိုင်းမဲပေးကြဖို့ တိုက်တွန်းလိုပါတယ်။ မဲပေးဖို့အတွက် မဲစာရင်းမှာပါ၊ မပါ သွားကြည့်ပြီးတော့မှ မဲစာရင်းမပါရင်လည်း မပါတဲ့အလျောက် လျှောက်ထားဖို့တိုက်တွန်းပါတယ်"ဟု တာချီလိတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးအောင်မင်းက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။
၂၀၂၀ ခုနှစ် နိုဝင်ဘာလအတွင်းပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူများစာရင်းကို ဒုတိယအကြိမ်အဖြစ် အောက်တိုဘာလလယ်တွင် ထပ်မံထုတ်ပြန်သွားနိုင်ဖွယ်ရှိကြောင်း သိရသည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~